ပင်လုံးဝေ ကြိုင်ကာသင်းပါတဲ့
ဝင်းရွှေဝါ ပိတောက်ညှာနဲ့
ခါတော်မီ ရင်ခွင်အေးစေဖို့
အတာရေ သီတာမွှေးနဲ့ ဖြန်းပက်လို့ဆေး
နွေးရာသီ ဒီဂိမှာန်ရောက်ပြန်တော့
ထွေးကာချီ တူယှဉ်တွဲပါလို့
ရွေပွဲတော် နှစ်ကိုယ်ကြင် နွှဲချင်ပါသေးမို့
ရပ်ဌာနေ အရောက်လှမ်းခဲ့ပါ့
မောင့် ရွှေရင်အေး....
"အမည်မသိ မိုးပန်းချီ :)"
သင်္ကြန်လုလင် - တေးဆို..ဂရေဟမ်
သီချင်းလေးနားထောင်သွားပါဦး :))
တကယ်တော့ဆားချက်တာ မိုးပန်းချီပါ.. :)
ဘာမှရေးမထွက်တဲ့အဆုံး အကြံကုန် မိုးပန်းချီ ဆားချက်ခြင်းပါ...မတတ်တစ်ခေါက် ကဗျာတိုလေးရေးပြီး၊ သိပ်ကြိုက်တဲ့ "သင်္ကြန်လုလင်" သီချင်းလေးပဲ တင်လိုက်ပါတယ်...ကိုယ့်နေရပ် ကိုယ့်ဌာနေ နဲ့ဝေးနေသူများအတွက် သင်္ကြန်အငွေ့အသက်လေး ပေးချင်လို့ပါ.. :)
*****အားလုံးပဲနှစ်သစ်မင်္ဂလာ ခါသမယမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်*****
“မတောက်တခေါက် ကဗျာတို”ကလည်း ကောင်းလွန်းအားကြီးချက်း) “အမည်မသိ မိုးပန်းချီ” ကို ဘယ်သူလဲသိရအောင် ရေဆုံးရေဖျားလိုက်ပြီး စုံစမ်းဦးမယ်း))
ReplyDeleteပျော်ရွှင်ငြိမ်းချမ်းအောင်မြင်သော နှစ်သစ်ဖြစ်ပါစေ မမပန်းချီရေ...
ချစ်တဲ့
Annoying Person
ဟားဟားဟားးးးး....သူသူတို့ကလုပ်ပြီ.ပြောပဲပြောတတ်လွန်းတယ်..အမည်မသိ မိုးပန်းချီ တော့ဘူးပေါ်သလိုပေါ်တော့မှာပဲ.. :D
ReplyDeleteစာလာဖတ်ပြီး မန့်သွားတာကျေးဇူးကမ္ဘာပါ ညီမလေးရေ..(ဆုတောင်းလေးအတွက်ရော :))
ချစ်တဲ့
BaJi (wanna be annoyed)
ရွှေရင်အေးများ စတုဒီသာကျွေးနေသလားလို့ ပြေးလာတာ...
ReplyDeleteရွှေရင်အေးကဗျာနဲ့ တိုးသွားတယ်.....:)
ချစ်စရာ ကဗျာလေးပါ ညီမရေ....
သီချင်းကတော့ အိမ်ကျမှ နားထောင်ပါမယ် ရုံးမှာ ဖွင့်လိုက်ရင် အကုန် ထ ကကုန်မှာစိုးလို့....:)))
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ :)))
ဟီးးးးးး...ပုံမှားရိုက်ထားသလိုဖြစ်နေပါပေါ့ မမရေ..
ReplyDeleteကောမန့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်..
မမလည်းနှစ်အကူးမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...
ချစ်တဲ့
မောင့်ရဲ့ချစ်လှစွာသောရွှေရင်အေးသည် စတုဒီသာမဟုတ်ပါ..
ပုံ/(မောင့်ရဲ့)ရွှေရင်အေး :))
အမည်မသိ မိုးပန်းချီဆီ...
ReplyDeleteပိတောက်ပန်းတွေနဲ့ အရောက်လှမ်းလာခဲ့ပါပြီ
♫♪သူသိသွားပြီ..ဘယ်လိုများသူလေသိ..♫♪
ReplyDeleteပိတောက်ပန်းတွေနဲ့ အရောက်လှမ်းလာတဲ့ မောင့်ရွှေရင်အေး(မမသီတာ)ကိုကျေးဇူးအများကြီးတင်ပါတယ်.. :)
ချစ်ခင်တဲ့..