Friday, October 29, 2010

ပထမ စာတိုစာစ..

ဒီဇာတ်ခုံ ဒီဘ၀..
ရောက်လာရသမျှတော့
သူစေရာ သူ့အညွှန်း အတိုင်းပေါ့...
ကချင်လည်းက မကချင်လည်းက
လှလှ မလှလှ။

ဒီအချိုးပြီးတော့လည်း
နောက်တစ်မျိုးလာပြန်ပြီ..
မရိုးစတမ်းလေ..သူဆွဲရာကြိုး
လှူပ်ချင်လည်းလှူပ် မလှူပ်ချင်လည်းလှူပ်
ပြုတ်တဲ့ခါလည်းပြုတ်.. ရှူပ်တဲ့ခါလည်းရှူပ်။

သြော်ဒါနဲ့လည်းအားမရ
ကပြရဦးပေမပေါ့
အဆိုအပြောလေးတွေနဲ့လား...
အင်း..ဆိုတဲ့ခါလည်းဆို..ငိုတဲ့ခါလည်းငို
ဆိုဆို ငိုငို..
ပိုမိတဲ့ခါလည်းပို...လိုမိတဲ့ခါလည်းလို
ပိုပို လိုလို..

တစ်ဆိတ်လောက်တော့...ဇာတ်ဆရာရယ်..
ဒီအဆို ဒီအငို
ဒီအပြော..ဒီအမောတွေကြား..
နွမ်းလည်းနွမ်း ပန်းလည်းပန်းလှပေါ့..
တစ်ကြိမ်တစ်ခါလေးတော့လေ..
ကိုယ့်အလိုကျ..
ရှင်အလိုကျကျ မကျကျ..
ကားလိပ်လေးအသာချ။

2 comments:

  1. ကဗျာလေး ကောင်းသားပဲ ညီမလေး ပန်းချီ... ဆက်ရေးပါလေ...:)

    ReplyDelete
  2. မမချစ်ကြည်..

    မမရဲ့ comment ကိုဖတ်လိုက်ရတာ ပထမဆုံးစာမူခကို ရလိုက်သလိုပါပဲ သိပ်ပျော်ပါတယ်..ကျေးဇူးအထူးတင်ပါတယ်နော်။
    စာဆက်ရေးဖြစ်အောင် ခွန်အားဖြစ်စေလို့ပါ..

    လေးစားချစ်ခင်တဲ့း)

    ReplyDelete

ရင်ထဲရှိတာပြော..း)