ဆည်းလည်းသံကလေး...
ညံတော့ညံမနေ... သဲ့သဲ့ကလေးပါပဲ...
ရစ်ဖွဲ့နှောင်ခွေ... ဆံကေမဆင်း...
ပျော့ပျောင်းခြင်း အထိတွေ့ကလေးနှင့်
နက်မှောင်မနေ... ညိုသယောင်ကလေးပါပဲ...
တောက်ပခြင်းများနှင့်လေ... ဒါပေမယ့်...
ခပ်မှေးမှေးကလေးပါပဲ...
ပြုံးလျှင်မို့မို့... ရယ်လျှင်ခွက်ဝင်...
ပါးချိုင့်လေးငယ် တဖက်တချက်နှင့်ရယ်မို့...
တစ်မက်တစ်သက် မွှေးကြူချင်စရာကလေးပါပဲ...
ကဲ ထိုအရာအားလုံးတို့ ပေါင်းစု...
ကောင်းခြင်းများစွာနှင့် ကုဋေကုဋာ...
သေချာတာကတော့...
သူကလေးဟာ ကိုယ့်ရဲ့...
ရင်နှစ်သည်းချာကလေးပါ... ကွယ့်(ချစ်သောသူကလေး တစ်ယောက်ရဲ့ မွေးနေ့အမှတ်တရပါ.. )
***ဒီကနေ့မနက်စောစောစီးစီး10:15am လောက်မှာခိုးခိုးလေးစာရွက်ပေါ်ရေးချထားတဲ့ ကဗျာတိုလေးပါ..ရုံးချိန်ကြီး မအားမလပ်ကြားထဲကပါရှင်..း))
ကဗျာလေးကို ဖတ်ရတာ သက်တမျှလေးကို မျက်စိထဲ မြင်လာစေတယ်... ချစ်စရာ...း))
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ်..မမ.. ပန်းချီရဲ့ သက်တမျှကို မမ ကသိတယ်လား? ဟိ..ရှက်စရားD
ReplyDeleteအသက်တမျှကလေးကို ကိုယ်ပါ အာဝါးတွေ အများကြီး ပေးလိုက်ချင်စိတ်ပေါက်အောင် ရေးတတ်လိုက်တာ မရယ်...
ReplyDeleteမိခင်တစ်ယောက်ရဲ့ အလှဆုံးမေတ္တာကို မြင်ခွင့်ရတဲ့ ကဗျာလေးတစ်ပုဒ်ပါ...
လာရောက်ဖတ်ရှုအားပေးသွားတဲ့ ညီမလေး သူသူ ကိုလည်း ကျေးဇူးအများကြီးတင်တဲ့အနေနဲ့ အာဝါးပေးချင်ပါတယ်..ရတယ်ဟုတ်..အာဘွာာာာာားးးး))
ReplyDeleteရရ ရရ လို့တောင် မြည်နေပါသေးတယ် မမပန်းချီရေး)) အာဘွားအတွက် ကျေးဇူးပါး))
ReplyDelete