ကြာမြင့်ခဲ့ပြီဖြစ်သော အချိန်ကာလများသည် သူမ၏စိတ်ဒဏ်ရာကို ကုစားနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သောသူမ မျက်ဝန်းအိမ်များမှာတော့ အရောင်မှေးမှိန်နေဆဲ.. တစ်စုံတစ်ရာတောက်ပမှုတို့ကင်းဆဲ..ဒီနေရာလေးမှာသူမထိုင်နေခဲ့သည်မှာလည်းနာရီပေါင်းများစွာကြာမြင့်လို့နေခဲ့..တစ်ယောက်သောသူသည်သူမ အိမ်ပြန်အလာကို မျှော်လင့်ကောင်းမျှော်လင့်နေလိ မ့်မည်.. သို့သော်မသေချာ...အားတင်းပြီး ထရန်ဟန်ပြင်တိုင်း ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် တစ်ကိုယ်လုံးလေးလံလို့နေလေသည်။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုဆိုလျှင် ပို မှန် မည်.. ခုံတန်းပေါ်တင်းထားသော လက်များကတော့ မလှုပ်မရှပ် အေးစက်စက်.။ မိုးရွာတော့မည်လား...သူမအိမ်ပြန်ရမည်..ဟုတ်သည်....အို...မဟုတ်ပါဘူး..အိမ်နှင့်တူသောနေရာသို့သာပါ...ရာသီဥတုသုံးပါးဒဏ်၊ ခိုးသားဓားပြဒဏ် မှလွဲ၍ သူမလိုအပ်သောအရာများပေးစွမ်းနိုင်ခြင်းမရှိသော အိမ်နှင့်တူသော အိမ်ရယ်ပါ...ထိုအိမ်သို့ပြန်ရောက်လျှင် ခေါက်ရိုးကျိုးနေသော လုပ်နေကျ အလုပ်များဖြင့်သာရှုပ်နေလိမ့်ဦး မည်.. အရင်ရောက်နှင့်နေလိမ့်မည် ဖြစ်သောသူတစ်ယောက်ကတော့ သူမကိုနှုတ်ဆက်စကားစဆိုမည်.. ပြီးလျှင်သူမ၏ဆံစတို့ကိုပယ်ကာ နဖူးပြင်ကိုခပ်ဖွဖွအထိအတွေ့ကလေး တစ်ခုခြွေမည်.သူဘာမှမဖြစ်ခဲ့သလို ဘာကိုမှမပြောခဲ့သလို ခပ်မဆိတ်နေမည်..ဒါဆိုရင် ဖြစ်နေသောပြဿနာဖြေရှင်းပြီးပြီဟု သူထင်လေသလား..
"မင်းတောင်းဆိုတဲ့အရာတွေကို မပေးနိုင်ဘူးဆိုရင်ရော"
ထားပါလေ ဆက်မတွေးဖို့ဆုံးဖြတ်လိုက်ြ ပီ...ငယ်သူငယ်ချင်းတစ်ယောက်နှင့်  စာအပြန်အလှန်ပို့တိုင်း သူမကိုပြောလေ့ရှိသည်..
"နင်ဒီလိုဖြစ်နေတာတွေဟာ အခုမှစဖြစ်တာမဟုတ်ဘူး..ဟိုးအရင် ကတည်းက ဒါကိုနင်သိစမ်းပါ..မြင်အောင်ကြည့်စမ်းပါ" တဲ့... ဘာကိုဆိုလိုချင်ပါလိမ့်..သံသရာကြီးနှင့်ချည်ကာ ပြောချင်နေခြင်းဖြစ်လိမ့်မည်.. သူငယ်ချင်းကသူတတ်နိုင်သလောက် သူမကိုအားပေးနှစ်သိမ့်နေခြင်း ပင်....ဒါဆိုလျှင်သူမဘာတွေလုပ် ခဲ့ပြီးပြီလဲ.. အခုလိုဖြစ်နေတာတွေကရော ပြုခဲ့မိသော အကြောင်းများရဲ့အကျိုးတရားရလာဒ်တွေများလား..ဖြစ်ပြီးခဲ့သောအတိတ်တို့သည်မပီပြင်...ဆက်ရမည့်ခရီးသည်လည်းဝိုးတဝါး..ဒါဆိုရင် အခုရောက်ရှိနေသာကာလကရော.... မစဉ်းစားချင်တော့..
ခပ်လှမ်းလှမ်းမှပျော်ရွှင်မြူးတူးစွာရေဆော့ကစားနေသာကလေးငယ်သည် ကစားသည်မှရပ်ကာ သူမကိုငေးကြည့်နေလေသည်.. သူမနှင့်အတန်ကြာမျက်လုံးချင်းဆုံကာ သူမ၏ဝေဝါးနေသော ဘာသာ ခံစားချက်များကို ဝေမျှခံစားပေးနေဟန်ရှိသည်... သူမနှင့်အတော်ကလေးလှမ်းသောနေရာ တွင် ကစားခုန်စားနေကြသော ကလေးငယ်တို့ရယ်မောပျော်မြူးသံများသည် ပို၍ပို၍ကျယ်ကာလာသယောင်...သူတို့လေးတွေရဲ့မျက်နှာကလေးများ သည် တစ်ဖြည်းဖြည်းချင်း ဆင်တူလာကာ သိပ်ရင်းနှီးသောမျက်နှာကလေးတစ်ခုတည်းအသွင်သို့...နောက် တော့ အပြစ်ကင်းစင်သော သည်းလှိုက်အူလှိုက်ရယ်သံလေးတစ်ခု. .. ထိုခိုးခိုးခစ်ခစ်ရယ်သံလေးများကြားမှာတော့ နှစ်လိုဖွယ်အပြုံးကလေး.. အို...ချစ်စရာပင်ကောင်းသေးတော့. .တောက်ပနေသောမျက်လုံးကျဉ်းကလေး တစ်စုံကပါလိုက်ကာရယ်နေသေးတော့ေ လ...
" ကိုယ်တို့ဒီမြို့မှာ အခြေချမှာမဟုတ်ဘူးလေ နုနယ်သေးတဲ့ကလေး သေးသေးကလေးကိုဒီကိုခေါ်ထားလို့ မဖြစ်သေးဘူး.. ကိုယ်တို့ ကိုယ်တိုင်တောင်အခြေမကျသေးတာ.. သူဒုက္ခရောက်လိမ့်မယ်.. အချိန်ခဏကလေးစောင့်ပါ ကိုယ်တို့ ရင်ခွင်ထဲပြန်ရောက်လာရမှာပေါ့ "
မဟုတ်ဘူး..သူပြောတာတွေ ဘယ်တော့မှအခြေအမြစ်မရှိဘူး.... သူဘယ်လောက်အချိန်တွေကြာအောင်သူမကိုညှင်းပန်းထားဦးမှာလဲ..ဒီလိုကတိတွေကို သူက အထပ်ထပ်ပေးတတ်သူရယ်လေ...အာခေါင်တို့ခြောက်သွေ့ကာလာသည်...အားကုန်ညှစ်ကာအော်ကြည့်သည်..ညသည်ပို၍ နက်ကာ လမ်းပေါ်တွင် လူသူတစ်ပါးမတွေ့ရ....သူမအိမ်ပြန်မရောက်သေးဘူးလား...
"ရော့...ရေသောက်လိုက်..အဖျားသိပ်ကြီးပြီးညည်းနေလိုက်တာ..ကိုယ့်ကိုယ်ကိုဂရုစိုက်မှပေါ့..ထီးပါရဲ့သားနဲ့မိုးရွာထဲ ထီးမဆောင်းပဲပြန်လာတာဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ..အနည်းဆုံးတော့မင်းသိပ်ချစ်ပါတယ်ဆိုတဲ့သူကလေးေ ရာက်လာရင် ဂရုစိုက်နိုင်အောင်ပေါ့
သူပြောသလိုဆို အနှီသူမသေးသေးကလေးရောက်လာဖို့ မျှော်လင့်ချက်ရှိသေးသည်ထင်သည်... ဒါဆိုရင်အုန်းပင်ပုပုကလေးများ စီတန်းနေသောလမ်းကလေးအဆုံး၌တည်ရှိနေသော သူမ၏အိမ်ကလေးဝယ် တစ်ခါဘူးမျှမမည် ခဲ့ဖူးသောဆည်းလည်းသံတို့ကြားရလိမ့်ဦးမည်...သူမ၏နံနက် ခင်းကလေးများပိုမို လတ်ဆတ်လာဟန်ရှိလိမ့်မည်...အိပ်မရသော ညတို့ ရဲ့နှိပ်ဆက်ခြင်းမှ ရှောင်ပြေးလွတ်မြောက်နိုင်မည်.. . အိမ်ရှေ့ သံတံခါးဖြူဖြူလေးဘေးမှာ ကပ်ကာပျိုးထားခဲ့ဖူးသောတစ်အိုးတည်းသောယုဇနပန်းအိုးကလေးသည် ပန်းကလေးများပွင့်လန်းလာအောင်ရေလောင်းပေါင်းသင်ပေးမည့်သူမကိုကြိုဆိုနေလိမ့်မည်...အိမ့်နောက်ဖေးတွင်စိုက်ထားသော ဝါးပင်ဘေးတွင်အင်္ကျီသေးသေးကလေးများလှန်းနိုင်သောထုတ်တန်းတစ်ခုထပ်တိုးကာလာမည်...နံနက်ခင်းတွင် သူမအားနှိုးတတ်သောကျီကျီကြာကြာတေးဆိုသောငှက်ကလေးတို့အသံသည်နှစ်သက်ခဲ့ဖူးသောတယောသံသာကဲ့သို့နားဝင်ပိုချိုစေဦးမည်...
နံနက်ရုံးသို့သွားရာလမ်းတစ်လျောက် စီရရီတည်ရှိသော ဓါတ်မီးတိုင်ဝါကျဉ်ကျဉ်နှင့်ခပ်မည်းမည်းများကိုလည်း အပြစ်မြင်တော့မည်မဟုတ်ပေ...သူ မသည် အလုပ်တွင်ပိုမိုမွေ့လျော်လာလိမ့် မည်....ဘဝသည် နေပျော်ချင်စရာမကောင်းဟူသော တွေးခဲ့ဘူးသည်များကို မေ့ကောင်းမေ့ထားလိမ့်ဦးမည်....
နံနက်ရုံးသို့သွားရာလမ်းတစ်လျောက် စီရရီတည်ရှိသော ဓါတ်မီးတိုင်ဝါကျဉ်ကျဉ်နှင့်ခပ်မည်းမည်းများကိုလည်
အို...သူမအတွက်တော့ အရာရာ အားလုံးလိုလိုသည်.. သိပ်စွဲလမ်းစွာနားထောင်လေ့ရှိေ သာ သီချင်းတစ်ပုဒ် သို့မဟုတ် တစ်ခုတ်တစ်ရညစဉ်ဖတ်လေ့ရှိသော စာကောင်းတစ်ပုဒ်လို နှစ်လိုဖွယ်ဖြစ်လာ မည်သည်ချည်းသာ.....
ရုံးဆင်းချိန်တိုင်း ပြန်ဖို့အားယူ ရသော..သူမအတွက်လုံခြုံမှုသာပေး ၍ နွေးထွေးမှုအလုံအလောက်မရှိသော ထိုအိမ်သည် သက်ဝင်လှုပ်ရှားစေတော့မည်.....
သူမ မက်ဖူးသောအိမ်မက်ထဲကလို အသက်ဝင်နေသော နေချင်စဖွယ်အိမ်ကလေးအသွင်သို့.. ..
မဝေးတော့တဲ့အနာဂတ်ဆီမှာရယ်လေ... ....
***မြတ်နိုးတွယ်တာရသော သူကလေး ရောက်လာမည့်ရက်အား လက်ချိုးရေရင်း ရေးဖြစ်သော ပို့စ်ပါး)***
ညီမပန်းချီဆီ ချစ်သောသူကလေး ချောမောစွာ အမြန်ရောက်လာနိုင်ပါစေ :)
ReplyDeleteမမချစ်ကြည်..ပေးသောဆုနှင့် တစ်လုံးတစ်ဝတည်း အမြန်ယာဉ်စီးပြီး ပြည့်ရပါလို၏။
ReplyDeleteဆုတောင်းအတွက်ကျေးဇူးအထူးပါး)
လေးစားချစ်ခင်စွာ..
နှလုံးသားနဲ့ ထပ်တူခံစားပြီး ဖတ်သွားပါတယ် မမပန်းချီ...။ ဒီစာကို ဖတ်အပြီးမှာ အစ်မ ပျော်ရွှင်ခြင်း ငြိမ်းချမ်းခြင်းတို့နဲ့ အမြဲတမ်း ပြည့်စုံပါစေလို့လဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးမိပါတယ်...
ReplyDeleteညီမလေး သူသူရေ..
ReplyDeleteနှလုံးသားတစ်ခုလုံးနဲ့ ဖတ်သွားတဲ့ညီမလေးကိုလည်း ကျေးဇူးအများကြီးတင်ပါကြောင်း ဒီရင်ဘတ်ကြီးထဲကပြောချင်ပါတယ်.. ပေးတဲ့ဆုနဲ့လည်းပြည့်ဝပါရစေး))
ချစ်တဲ့...