ခုတလောလေး စိတ်မအား လူမအားမို့ အသစ်ရေးဖို့ရာ အင်အားမရှိဖြစ်နေပါတယ်။ ဒါပေမယ့် ဟိုတစ်နေ့ဆီက သူငယ်ချင်းတစ်ယောက် ကျွန်မကို အော်တိုရေးပေးဖို့ စာအုပ်လေးတစ်အုပ်ပေးလာပါတယ်။ စာအုပ်ခေါင်းစဉ်လေးက “သူငယ်ချင်းအတွက်…ရေးပေးပါ” တဲ့။ ဒီလိုအော်တိုမျိုးတွေ မရေးခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ 
**ဖြည့်စွက်ချက်။ ။ အောက်မှာရေးထားတဲ့ အော်တိုက ကျွန်မရဲ့ သူငယ်ချင်း (ယောက်ျားလေး) မှ ကျွန်မကို ရေးဖို့ပြောလာသူ စာအုပ်ပိုင်ရှင်၊ သူငယ်ချင်း (မိန်းကလေး) အတွက်ရေးပေးထားတာပါ။ ကျွန်မ အနည်းငယ် ဆင်ဆာလုပ်ထားတာကလွဲလို့ သူ့အာဘော်အတိုင်းထည့်ရေးထားပါတယ်။ **
----------------******----------------
| ကိုယ့်ဓါတ်ပုံ | |
| ကိုယ့်နာမည် |း ဂွတို | 
| ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် |း ဟေ့ကောင် | 
| ကိုယ့်ကိုကိုယ့်ဒီလိုခေါ်တယ် |း သားသား | 
| ကိုယ့်ကိုဒီနေ့မှာမွေးတယ် |း ရွာမှာရေကြီးတဲ့နေ့ | 
| ကိုယ်ဒီမှာနေတယ် |း အိမ်မှာ (ချိုင့်တွေပေါတဲ့လမ်းထဲက) | 
| ကိုယ့်ဆီဖုန်းဆက်ချင်ရင် |း extension 007 | 
| ကိုယ့်အကြိုက်ဆုံးတွေက | |
| အရောင်ဆိုရင် |း မမြင်ရမှ | 
| အဝတ်အစားဆိုရင် |း မဝတ်ရမှ | 
| ဆံပင်ပုံစံ |း ဘိုကေ | 
| ဆံပင်အရောင် |း အဖြူ (ဘိုပါဆိုနေ..း)) | 
| စားစရာ |း ဟိုကျန် ဒီကျန် | 
| သောက်စရာ |း ဘာဖြစ်ဖြစ် (သောက်လို့ရပြီးတာပဲ) | 
| ပစ္စည်း |း မရှိ | 
| ပန်း |း ရွှေပန်း (အရမ်းမွှေးလို့) | 
| လိုချင်တဲ့လက်ဆောင် |း မရရှိသေး (ရမယ်ဆိုလျှင် “မိန်းမချော”) | 
| အကြိုက်ဆုံးမင်းသား |း သစ္စာ၊ မေတ္တာရွှေမန်းသဘင် | 
| အကြိုက်ဆုံးမင်းသမီး |း လေဘာတီ မမြရင် | 
| ရုပ်ရှင်၊ဗီဒီယိုဇာတ်ကား |း မြန်မာ့ မြန်မာ့ ရုပ်ရှင် | 
| တီဗွီအစီအစဉ်၊ဇာတ်လမ်းတွဲ |း အကုန်ကြည့် | 
| အဆိုတော် |း ဆွယ်စုံရ၊ စာရေးဆရာ၊ အဆိုတော် ရုပ်ရှင်မင်းသားတစ်ယောက် | 
| သီချင်း |း ♫ ကမ္ဘာမကြေ၊ မြန်မာပြည်..တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ♪ | 
| ဝတ္ထု |း ကကြီးခခွေး ဘယ်လိုရေး လုံးချင်း | 
| ဂျာနယ်၊ မဂ္ဂဇင်း |း အကုန်ဖတ် | 
| အကြိုက်ဆုံး ကာတွန်းဇာတ်ကောင် |း ဘဂျမ်း၊ ဗိုလ်ကာတွန်း | 
| အရုပ် |း ကျောက်ရုပ် | 
| ဂိမ်းကစားနည်း |း အစ်ကိုကြီး၊ အစ်မကြီးတမ်း | 
| အားကစား |း မလုပ်ဖြစ် | 
| အကြိုက်ဆုံးစာရေးဆရာ |း ဖေကံကောင်း (မြန်မာ့အလင်း) | 
| အလေးစားဆုံးပုဂ္ဂိုလ် |း ဗုဒ္ဓ | 
| ကိုယ်ကြိုက်တဲ့ဘဝပုံစံ |း ဘာဖြစ်ဖြစ် အိုကေ (ရတာလဲ မဟုတ်လို့ ပြောဘူး) | 
| ကိုယ့်ရဲ့အချစ်ဆုံးသူ |း ကိုယ့်ချစ်သူမှလွဲ၍ | 
| အမုန်းဆုံးသူ |း မရှိ | 
| အချစ်ဆုံးတိရစ္ဆာန် |း ဂေါ်ဇီလာ | 
| အမုန်းဆုံးတိရစ္ဆာန် |း တီကောင် | 
| အပျော်ဆုံးနေ့ |း ဒီနေ့ | 
| ဝမ်းအနည်းဆုံးနေ့ |း အိပ်ယာထ အလုပ်သွားရတဲ့နေ့ | 
| ရင်အခုန်ဆုံးအချိန် |း ဆယ်တန်းအောင်စာရင်း သွားကြည့်တဲ့နေ့ | 
| ကိုယ့်ရဲ့ဝါသနာ |း အတင်း  | 
| ကိုယ်စုဆောင်းတဲ့ ပစ္စည်းတွေက |း စက္ကူစုတ် | 
| ကိုယ်ကျွမ်းကျင်တဲ့အတတ်ပညာ |း ဘေးထိုင်၊ဘုပြော | 
| ကိုယ့်ရဲ့ ရည်မှန်းချက် |း ဟိုဟိုဒီ ဒီမိုကရေစီ ရရှိရေး | 
| ကိုယ့်ရဲ့အိပ်မက် |း မြန်မာပြည်မှာ ဒီမိုကရေစီရပြီတဲ့ (ဟုတ်လား?) | 
| အားလပ်ချိန်ကိုဒီလိုသုံးတယ် |း အိပ်တာဘဲ | 
| ကိုယ့်ကိုကိုယ်ဒီလိုမြင်တယ် |း လူချော | 
| စိတ်ညစ်ရင်လုပ်တတ်တဲ့အပြုအမူ |း အိမ်လည်သွား၊ ထမင်းစား | 
| ပျော်ရင်လုပ်တတ်တဲ့အပြုအမူ |း ပိုက်ဆံချေး (သူများဆီက) | 
| ၅ မိနစ်သာ အသက်ရှင်ရတော့မယ်ဆိုရင်   လုပ်မယ့်အလုပ် |း ရေချိုးပြီး ပက်လက်ကလေးလှဲအိပ်နေလိုက်တော့မယ်။ | 
| သိန်း ၁၀၀၀ ထီသာပေါက်ခဲ့ရင် |း ပိုက်ဆံအပြေးသွားထုတ်မယ်….(လှူဖို့၊ တန်းဖို့ပါ) | 
| ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်   တောင်းမယ့်ဆု |း မချစ်ဆု (အချစ်ဦးမို့ပါ) | 
| ဘဝမှာ အရေးကြီးဆုံးက |း စားဝတ်နေရေး | 
| သူငယ်ချင်းဆိုတာ |း စစရာ၊ နောက်စရာ | 
| အချစ်ဆိုတာ |း သိဘူး | 
| အမုန်းဆိုတာ |း ရှိဘူး | 
| ဘဝဆိုတာ |း တိုက်ပွဲ | 
| တယ်လီဖုန်းဆိုတာ |း ဘေလ်ပေးရန် (မဟုတ်) | 
| အင်တာနက်ဆိုတာ |း နက်နေတဲ့ အင်းတံတားများလား? | 
| ကွန်ပျူတာဆိုတာ |း စာစီစာရိုက် အကြီးစားလက်နှိပ်စက် | 
| မင်းအပေါ်ကိုယ့်ရဲ့အမြင် | |
| မင်းရဲ့စတိုင်လ် |း ကိုယ့်လိုပဲ ခန့်ချော | 
| ဥာဏ်ပညာ |း ကိုယ့်လိုပဲး) တော်တယ် | 
| အကျင့် |း ကောင်းမှကောင်း (သူငယ်ချင်းဆိုတော့ ဒီလိုပဲပြောရပေမပေါ့) | 
| စိတ်ဓာတ် |း ကောင်းတာပါပဲ | 
| ခြုံပြောရရင် |း အညာစောင်က အနွေးဆုံး | 
| မင်းနဲ့ကိုယ့်ရဲ့ အမှတ်တရဖြစ်ရပ် |း အိမ်သာလုတက် | 
| ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ် |း ရှိပူရသေး၊ ကုန်မှအေး | 
| ကိုယ်ဆွဲတတ်သလိုဆွဲတဲ့   မင်းအတွက် ပန်းချီကား | |
| မင်းအတွက်စကား |း သတိရရင် ပြီးတာပဲ။ | 
| ကိုယ်ရဲ့လက်မှတ် |း Robert Pattinson | 
| ဒီစာရေးတဲ့နေ့ |း နေ့ကောင်းရက်သာ ရက်ရာဇာ | 
----------------******---------------- 
 ကိုယ်ဓာတ်ပုံ နဲ့ မင်းအတွက်ပန်းချီကား ပုံတွေကိုတော့ ထုံးစံအတိုင်း ကျွန်မကိုယ်တိုင် လက်စွမ်းပြထားပါတယ်။ မလှလားး)
အသက်အရွယ်ရလာတာနဲ့အမျှ သူငယ်ချင်းတွေမှာ ကိုယ့်အိမ်ထောင်နဲ့ကိုယ်၊ အပျို၊ လူပျိုဆိုရင်လည်း ကိုယ့်ကိုယ်ရေးကိုယ်တာနဲ့ကိုယ်မို့ တစ်ယောက်နဲ့တစ်ယောက် သတိတရရှိပေမယ့် လူကိုယ်တိုင်ရောက်ဖို့ရာခက်ခဲတဲ့ အခြေအနေမျိုးမှာ သူတို့ကိုယ့်အတွက် အမှတ်တရရေးပေးခဲ့ဖူးတာလေး ပြန်ဖတ်ရင်း ပြုံးရတာဟာလည်း မတွေ့ဖြစ်တဲ့အချိန်တွေအတွက် စိတ်ဖြေသိမ့်စရာ မဟုတ်ဘူးလားရှင်။ 
ဘာပဲဖြစ်ဖြစ် ဒါလေးဖတ်ပြီး တခဏတာပဲဖြစ်စေဦးတော့ ဘဝအမောပြေမိတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
  ကျွန်မအတွက် အော်တိုရေးပေးဖို့ ခင်မင်ရတဲ့ မမများနဲ့ ညီမငယ်များကို ဆက်ပြီး တက်ဂ်ချင်ပါတယ်။ တက်ဂ်ပို့စ်မရေးချင်သူများ၊ မရေးတတ်သူများ မရေးပဲ ကျော်ခွချန်လှပ် သွားနိုင်ကြောင်းပါရှင့်း)))) 
ရေးရတာပျော်စရာကောင်းမယ်ထင်လို့ တက်ဂ်လိုက်ပါတယ်။ အားလည်းအားပါမှ၊ ရေးဖို့ရာလည်းစိတ်ဝင်စားပါမှ ရေးနိုင်ပါတယ်း)
မမသက်ဝေ၊ မမချစ်ကြည်အေး၊ ညီမလေး ရွှေပြည်သူ၊ ညီမလေး ကန်ဒီ၊ ညီမလေး ခရမ်းနွယ်  တို့ကိုတက်ဂ်ချင်ပါတယ်။
ပြင်ဆင်ချက်။ ။ အော်တိုရေးတယ်ဆိုတာ အစ်မသက်ဝေ နဲ့ အစ်မချစ်ကြည် တို့အတွက် သိပ်ကလေးဆန်လွန်းတယ်ထင်လို့ တက်ဂ်ကိုပြန်ဖြုတ်ပါရစေးD ကျန်တဲ့ ညီမငယ်တွေဖြစ်တဲ့ ညီမ ရွေပြည်သူ၊ ညီမကန်ဒီ၊ ညီမခရမ်းနွယ် တို့ကိုပဲ ရေးခိုင်းမယ်ဆိုရင်လည်း နှိပ်စက်ရာကျမစိုးလို့ တက်ဂ်ပြန်ဖြုတ်ပါတယ်း))  အစ်မများနဲ့ ညီမလေးတို့ရေ ဘလော့ပေါ်မှာ မရေးပါနဲ့တော့နော်။ စာအုပ်ပဲ ပို့လိုက်မယ်းD
ဘဝအမောတွေ ပြေနိုင်ကြပါစေ။
မေတ္တာမွန်ဖြင့်
မိုးပန်းချီ
 
This post really make me smile, sis :) especially the signature "Robert Pattison" :D. Thank you.
ReplyDeleteI'm so glad it made you smiled lil sis, rose :) some of my guy friends are funny and naughty indeed :D Thank you so much too.
ReplyDeleteရယ်လိုက်ရတာ :P
ReplyDelete((ဟမ်)) တက်ဂ်လိုက်တယ်...ရေးရမှာပေါ့လေ...၊ ပျော်စရာ ပိုစ့်လေးပဲ။ ညီမပန်းချီလို ပုံရော ဆွဲရမှာပဲလား....:))
တက်ဂ်ပြန်ဖြုတ်တယ် ဆိုတာကို အရောင်တရောင်နဲ့ ပြူးနေတာတောင် ဒီက မတွေ့ဘူး ဟဟဟဟ၊ ရဘူး ရေးမှာပဲ...:)
ReplyDeleteမမချစ်ကြည်
ReplyDeleteဟိ..တက်ဂ်လိုက်၊ ဖြုတ်လိုက်လုပ်ရတာနဲ့ အလုပ်ကိုရှုပ်နေတာပဲနော်။
တက်ဂ်ဖြုတ်တာတောင် ရေးပေးမယ်ဆိုလို့ ဝမ်းသာပီတိ ဂွမ်းဆီထိသကဲ့သို့ ဖြစ်ရပါတယ်။ (((ဇွတ်နော်))))
ပုံဆွဲအင်မတန်ကောင်းတဲ့ မမကတော့ ဆွဲဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်းး))ကျေးဇူးကမ္ဘာဆိုင်းD
တစ်ခုပြောဖို့ ကျန်သွားလို့ မမချစ်ကြည်ရေ။ ခုကတည်းက ကြိုရီ (ရယ်)ထားနှင့်ပြီနော်။ မျော့နေမယ်း))))))
ReplyDeleteတက်ဂ်ပိုစ့်လား... ဖြုတ်ပို့စ်လား ဇဝေဇဝါဒွေတောင် ဖြစ်သွားတယ်...
ReplyDeleteဘာပဲဖြစ်ဖြစ်
ရေးမှာပဲ... ရေးမှာပဲ... ကိုယ့်ကို လာမတားနဲ့... :D :D :D
ဟိ ဆူခံထိပြီ။ ပျင်းလို့ တက်ဂ်လိုက်၊ဖြုတ်လိုက် လုပ်နေတာပါ မမသက်ဝေးP
ReplyDeleteတက်ဂ်ဖြုတ်ပို့စ်ဖြစ်နေပြီး))ရေးမှာပဲဆို မျော့မှာပဲ..ရေးမယ်ဆိုလို့ multivita သောက်ရသလို အားရှိလိုက်တာ။ ကျေးဇူးကမ္ဘာဆိုင်တူး။
မမတို့ ရေးမယ်ဆိုတော့ ညီမလေးတွေကို ပြန်တက်ဂ်လိုက်ရရင်ကောင်းမလား (((ဟင်))) အရပ်ကနေ ခဲနဲ့ဆော်တော့မယ် ဒီတစ်ခါတက်ဂ်လို့ကတော့းD
အို ဘာမှလာရှင်းမပြပါနဲ့ ရေးမှာပဲ ရေးမှာပဲး))
ReplyDelete(မမပန်းချီ၏ Tag Post - အိမ်ပြောင်းပြီးလျှင် ရေးရန် {ခံတံတိုလေးကို တံတွေးဆွတ်၍ စာရင်းတို့လိုက်သည်})
ချစ်တဲ့
Annoying Person
မရှင်းတော့ပါဘူး၊ မရှင်းတော့ပါဘူး။ ရေးပါ၊ ရေးပါ သူသူ(ဟင်းနော်..ဇွတ်းD)
ReplyDeleteစာရင်းတို့တာတောင် ခဲတံကိုတံတွေးဆွတ်လို့ (ဟန်ပါလှချည်လား သူသူရယ်း)))
ချစ်တဲ့
disturbing person
ဟီးဟီး .... AM ရေ .... ဒီ POST ကိုဖတ်ရတာ တို့တွေ တက္ကသိုလ် တတိယနှစ်အချိန်တွေကိုပြန်သတိရမိတယ်။ အဲဒီလို အော်တိုစာအုပ် တို့မှာ နှစ်အုပ်တောင်မှရှိတယ်။ :D ကြုံတုန်းဝင်ကြွားတာပါ ။ :P :)))) မနှစ်က တို့ ရန်ကုန်ပြန်တုန်းကစာအုပ်တွေရှင်းရင်း အဲဒီစာအုပ်လေးတွေ တွေ့လို့ ပြန်ဖတ်ရင်း တခွိခွိနဲ့ တစ်ယောက်တည်းရယ်နေမိသေးတာ ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ မျက်နှာပေါ်ကတင်းနေတဲ့အကြောတွေ တစ်ခဏပြေပျောက်သွားစေနိုင်တဲ့ ဆေးလေးတစ်ခွက်ပါပဲ ။ အမှတ်တရနေ့ရက်တွေကိုပြန်လည်သတိရရင်းးး .......... အမြဲအားပေးနေမယ့် JMO
ReplyDelete