Friday, February 17, 2012

အိမ်လိပ်စာပြောင်းခြင်း

ဒီဖက်မှာ ဒီနေ့မိုးတော့နည်းနည်းအုံ့ပါတယ်။ 
လုပ်စရာတွေလည်းရှိနေတယ်။ 
 ရုံးအလုပ်၊ ကိုယ့်အလုပ်...

ရန်ကုန်ဖုန်းကို ခေါ်စရာရှိတယ်။
ခုရောက်နေတဲ့အရပ်က ပြည်တွင်းဖုန်းအချို့ကိုခေါ်စရာရှိတယ်။
ငွေလွှဲစရာရှိတယ်။
ဝယ်ထားတဲ့ပစ္စည်း အတွက် ပိုက်ဆံမပေးရသေး။
ရုံးအလုပ်တွေလည်း တစ်ပုံတစ်ပင်…
အပုံတွေကိုထိုင်ကြည့် ပင့်သက်ချအပြီး…


ရန်ကုန်ကိုဖုန်းခေါ်…ချက်ချင်းမရ…ထပ်ခေါ်..ကံကောင်းပါတယ်။
ပြည်တွင်းဖုန်းအချို့ကိုခေါ်…နောက်တစ်လိုင်းဝင်လာတာ နောက်ထား..။
ခု..ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်။ အဆင်မပြေတစ်ပြေပြီးစီး။
ငွေလွှဲလို့မရ…လိုင်းပေါ်ကနေလွှဲဖို့ စက်သေးသေးကလေး အိမ်မှာမေ့ကျန်..။
အိမ်ကလူကိုဖုန်းခေါ်…
အိမ်ကလူကလွှဲပေးမယ်ပြော…
သူကတော့ သူ့မှာရှိတဲ့ စက်သေးသေးကလေး မသုံးတတ်သေးတဲ့.. (._.)

ကိစ္စ..အပြင်ခဏထွက်လည်၊ ကိစ္စ..မရှိ။ နောက်မှပြောမယ်း)
ဝယ်ထားတဲ့ပစ္စည်းက အသစ်လိပ်စာ။ (အိမ်ကလူဝယ်ပေးတား))
တန်ရာတန်ကြေးမပေးရသေး၊ သူပေးတာ နားလည်မှု..
ပစ္စည်းရောင်းသူကို ကျေးဇူးတင် (သဘောကောင်းတဲ့ ကိုဇောင်းး)))
ညနေကျ ဆေးရုံအလည်သွားစရာရှိ၊
သူငယ်ချင်းတစ်ယောက်ကို သတင်းမေးရန်၊
နေကောင်းကျန်းမာရှိသော်လည်း…အားမရှိ…။

လိပ်စာအသစ်တပ်ဖို့ မအား…
သဘောကောင်းသူမှ နားလည်မှုထပ်ပေး…
လိုင်းပေါ်မှတင် စကားပြောရင်း…
ရုံးမှာပိတ်ထားတဲ့ ဘလော့ဂ်စပေါ့တ်ကို စကားပြောစက်ကနေပဲ ဝင်ရင်း…
ကူညီပေးသူထံမှ ကူညီမှုရယူရင်း…
သူပြောသမျှကို ဒီဖက်ကလိုက်လုပ်ရင်း…

မိနစ်ပိုင်းအတွင်း အဆင်ပြေ…း)
ဇာတ်ပေါင်းသော်…

တစ်ပုံတစ်ပင် ရုံးအလုပ် တစ်ကုပ်ကုပ်မလုပ်ပါ (၅၀%ပြီးစီး)
ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေလို့ပါ..(၆၀%ပြီးစီး)
ကွာဟမှုကတော့ မပြောပလောက်ပါ…
အိမ်လိပ်စာပြောင်းလို့ ပြီးစီးးD

***

အတည်ရေးပါပြီ။ ကျွန်မရဲ့ အိမ်လိပ်စာကို ဒေါ့ကွန်းလေးနဲ့ (အမှန်တကယ်က ဒေါ့ကွန်းနဲ့ပါ) လဲထားပါတယ်ရှင်း) ချစ်သော၊ ခင်သောသူများ အချိန်အနည်းငယ်ပေးပြီး ပြောင်းမှတ်/ချိတ် ပေးဖို့ မေတ္တာရပ်ခံပါတယ်။ လိပ်စာအပြောင်းအရွှေ့ကြောင့် သူငယ်ချင်းများ၊ ဘလော့ရေးဖော်မိတ်ဆွေများရဲ့ အိမ်လိပ်စာများလည်း ခေတ္တခဏ ပျောက်ရှကျန်ခဲ့ပါတယ်။
ဖြည်းဖြည်းချင်းပြန်ချိတ်သွားပါ့မယ်ရှင်။ ကျွန်မရဲ့အကျင့်ကတော့ နည်းနည်းနောက်ကျတတ်ပါတယ်။ ဗွေမယူပါနဲ့ရှင်း) လမ်းကြုံလို့ ရောက်ခဲ့သူများရှိရင် မေတ္တာရှေ့ထားလို့ အိမ်လိပ်စာလေးများထားခဲ့ပါနော်။ ကျေးဇူး (အကြီးကြီး) တင်ပါတယ်။

ဘာရယ်မဟုတ်ပါဘူး။
ပျော်စေချင်လို့ပါ။
ဒီကနေ့ နေ့သောကြား)

စာကြွင်း။ ။ ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ဘလော့ဂ်ပိတ်သိမ်းခြင်းဆိုလို့ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မလည်း အဲဒီလိုလုပ်ဖို့ ခဏခဏအတွေးဝင်တတ်သူမို့ စာနာရင်းနဲ့ပဲ.... 

အားလုံးပဲ ပျော်ရွှင်ပါစေရှင်။
မေတ္တာအားဖြင့်
မိုးပန်းချီ

13 comments:

  1. သက်တမျှပုံလေး သိပ်ချစ်ဖို့ ကောင်းတာပဲ။ ရယ်နေပုံလေးက...။ အာဘွားပေးချင်လိုက်တား)။ အစ်မပန်းချီ ရို့စ်ရဲ့ ဘလော့ဂ်လေးကိုတော့ မမေ့နဲ့နော်။ တော်ကြာ "လင့်ခ် ပြန်မချိတ်မိလို့ မေ့ပြီး အစ်မ လာမလည်မိတာပါ" ဆို ခွင့်လွှတ်ဘူးနော်... ဟွန်းးးးးးး) http://redroseofburma.blogspot.com/

    ReplyDelete
  2. ရို့စ်လေးရေ..လာလည်တာမြန်လိုက်တာ။ ကျေးဇူးအများကြီးတင်ပါတယ်နော်။လင့်ခ်ချိတ်လိုက်ပါပြီ။ ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးမ ကိုဘယ်မေ့လိမ့်မလဲး) သက်တမျှကိုချစ်လို့လည်း ကျေးဇူးတင်ပါတယ် ညီမလေး။

    ReplyDelete
  3. အဲ အဲ.. ဒေါ့ကွန်းကြီးနဲ့ အဲ အဲ :P
    ကိုဇောင်းရဲ့ Vday discount မှာ ၀ယ်လိုက်တာလား မမ.. အရမ်းတန်တယ် :D

    ReplyDelete
  4. ဟုတ်ပါ့ ညီမလေးရယ်။ ပြောချင်ပါဘူး..အိမ်ကလူက စီးပွားပျက်ကို ဝယ်ပေးလိုက်တား)) ပိုက်ဆံတောင်မပေးရသေးလို့ ဘယ်လိုနည်းနဲ့လွှဲရမလဲလို့ ညီမလေးကိုတောင် မက်စိ ပို့ထားသေးးD

    ReplyDelete
  5. သက်တမျှလေးက ချစ်စရာကောင်းလိုက်တာ..

    ReplyDelete
  6. ပန်းချီရေ jas လဲ အိမ်ကလူက ကိုဇောင်းဆီကပဲဝယ်ပေးတာ
    သမီးလေးကိုအာဘွားပေးမယ်တွေ့တဲ့အခါကျရင်ပြောတာပါ
    ခင်မင်တဲ့ jasmine

    ReplyDelete
  7. မိုးပန်းချီရေ..အိမ်အသစ်ပြောင်းထားတဲ့အကြောင်းလေး ဖတ်လိုက်ရတယ်..။ လိပ်စာပြောင်းပုံလေးသိချင်တယ်.. ကိုဇောင်းနဲ့ ဘယ်လိုဆက်သွယ်ရမလဲ...၊ ကြုံလို့မေးလိုက်တာပါ...စလုံးရောက်တုန်းလေး ပြောင်းလို့ရရင် ပြောင်းသွားးချင်လို့ပါ...။

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  8. အင်မတန်ချစ်စရာကောင်းတဲ့ သမီးချောလေးရဲ့ မေမေ
    အလုပ်တွေရှုပ်နေသကိုး...
    သက်သမျှလေးကတော့ တစ်နေ့တခြား ပိုပိုချစ်ဖို့ကောင်းလာတယ်
    ပါးလေးကလည်း ဖောင်းနေတာဘဲ..
    အိမ်အသစ်ပြောင်းတာ အိမ်သစ်တက်ပွဲလည်း မလုပ်ပါလား..
    မရဘူးနော်.. မုန့်ကျွေးရမယ်း)

    ReplyDelete
  9. ပြောင်းချိတ်လိုက်ပါပြီ ဒေါ့ကွန်းကို...။ ဘလော့ပိတ်မယ်လို့ကြားတာ နှစ်ခုရှိဘူး တစ်ယောက်တည်းဟုတ်လားမဟုတ်လားတော့မသိဘူး အဲလိုကြားရင် စိတ်ထဲတမျိုးပဲ...။ ကိုယ်တိုင်လဲ အဲလိုပိတ်မယ် စိတ်ကူးခဲ့ဖူးလို့...။ ကိုယ်ယုံကြည်ဝါသနာပါရာ နေရာလေးတစ်ခုကိုတည်ဆောင်ဖို့ဆိုတာအခက်အခဲတွေအများကြီးရင်ဆိုင်ရတယ် အချိန်တွေအများကြီးရင်းနှီးခဲ့ရတယ် ဒါကိုအချိန်ပိုင်းကလေးအတွင်းမှာ ဒီလိလုပ်လိုက်ဖို့ဆိုတာ တော်တော်တော့ နာကျင်ကြေကွဲဖွယ်ကောင်းပါတယ်...။

    ReplyDelete
  10. လခ့်က ဆက်ဝင်လို့ရတယ်။ နိုး ပလုံ ပလုံပါ။း)

    ReplyDelete
  11. ညီမလေးစန်းထွန်း..သူ့အမေနဲ့တူလို့နေမှားP
    အစ်မဂျက်စ်..ဟုတ်ကဲ့ တွေ့တဲ့အခါ ပေးနော်း))
    sulay (ချယ်ရီမြေ)..ကိုဇောင်းဆီကို ဒီမေးလ် mail@zmyanmar.com သုံပြီးဆက်သွယ်နိုင်ပါတယ်။ လိပ်စာပြောင်းဖို့ကိုလဲ ကိုဇောင်းကပဲကူညီပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်း)
    ချစ်တဲ့အစ်မချော..သက်တမျှကသူ့အမေနဲ့တူလို့ဖြစ်ပါလိမ့်မယ်းD အိမ်သစ်တက်ပွဲအတွက် အစ်မ ဒီကိုလာလည်ရင် လိုက်ကျွေးမယ်..နော်..နော်း))
    မမိုးရေ..ပြန်ချိတ်ပေးလို့ကျေးဇူးတင်ပါတယ် မရေ။ ဟုတ်တယ် ဒီလိုဆိုဒ်တစ်ခုဖြစ်ဖို့က တော်တော်ရင်းနှီးထားရတာ အဓိက က အချိန်ပါပဲ။ နှမြောစရာကောင်းတယ်။
    အစ်မဇွန်ရေ..blogspot နဲ့ဝင်ရင်လည်း .com ကို redirect လုပ်ပေးပေမယ့် လိပ်စာပြောင်းမချိတ်ရင် အသစ်မတက်ဘူးထင်တယ်နော် မ။ ညီမကို တစ်ချက်စစ်ပေးပါဦး မရယ်။ ကျေးဇူးပါး)

    ReplyDelete
  12. ဟန်ကြည်February 20, 2012 12:49 PM

    လင့်ခ်ပြောင်းစရာ မလိုပေါင်ဗျာ...သူ့အတိုင်း အိုခေနေတာပါပဲ...

    ReplyDelete
  13. အစ်ကိုဟန်ကြည်..ကျေးဇူးတင်ပါတယ် အစ်ကိုး))

    ReplyDelete

ရင်ထဲရှိတာပြော..း)