သက်တမျှ ၆လ ပြည့်တုန်းကလဲ မေးစေ့နှစ်ထပ်ရှိတာပဲး)) |
၂) ဦးခေါင်းကို မျက်နှာကြက်နဲ့ မျက်နှာချင်းဆိုင် အနေအထားရောက်အောင် မော့ထားပါ။ အဲဒီလိုမော့လိုက်တဲ့အခါ မေးစေ့လည်း အလိုလျောက် မော့ထားပြီးသားဖြစ်သွားပါလိမ့်မယ်။ မော့ထားတဲ့ အနေအထားမှာ နှုတ်ခမ်းကို အရှေ့ကိုစူထွက်ပြီး မျက်နှာကြက်ဆီသို့ ထော်ထားလိုက်ပါ။ ဦးခေါင်းမော့ နှုတ်ခမ်းထော်ထားတဲ့ အနေအထားမှာ ၅ စက္ကန့်ကြာတဲ့အထိထားပါ။ ပြီးလျှင် နှုတ်ခမ်းကို ပုံမှန်ပြန်ထားပါ။ ဦးခေါင်းကိုတော့ ဆက်မော့ထားရင်း နှုတ်ခမ်းစုထော်တဲ့အကြိမ် ၃ ကြိမ်မှ ၅ ကြိမ်အထိလုပ်ပေးပါ။ (ဒီလေ့ကျင့်ခန်း လုပ်တဲ့အခါ ကိုယ့်အခန်းတံခါးပိတ်ပြီးလုပ်ဖို့ အကြံပြုပါရစေ။ နို့မို့ သူများရယ်စရာဖြစ်နေပါလိမ့်မယ်။ ဘယ့်နှယ် ပွဲမဝင်ခင် အပြင်ကကျင်းပတာများ မျက်နှာကြက်ကြီး မော့ မော့ နမ်းရတယ်လို့း))
၃) မေးစေ့ကို ရှေ့သို့ဆန့်ထုတ်ပါ။ ၁၀
စက္ကန့်ကြာအောင်ထားပါ။ ဦးခေါင်းနဲ့ ပုခုံးကတော့ ပုံမှန် မတ်မတ်ပဲထားပါ။
ဦးခေါင်းနဲ့ ပုခုံး လိုက်ပါဆန့်ထွက်ခြင်း မပြုမိပါစေနဲ့။
(မြန်မာဆန်ဆန်ဆိုရရင်တော့ ဇာတ်ထဲက မြန်မာကကွက်တစ်ခုဖြစ်တဲ့ မေးထိုးအကလေးနဲ့တောင်
ဆင်ပါသေးတယ်။ ဒီလေ့ကျင့်ခန်းကောင်းကောင်းလုပ်တတ်ပြီဆိုရင် ဇာတ်ထောင်လို့ရပြီးD)
၎) ခန္ဓာကိုယ်မတ်မတ် ထိုင်လျက်အနေအထားမှာ ဦးခေါင်းကို နောက်ဖက်သို့ ရောက်နိုင်သမျှရောက်အောင် လှန်ပြီး မှီပါ။ ၁၀ စက္ကန့်ကြာအောင်ထားပါ။
သူက အိတ်ထဲ အမြဲ မပါမဖြစ်း) |
(ခြင်္သေ့ကျွန်းမှာတော့ ပီကေမရောင်းပါဘူး။
ထင်တာမမှားဘူးဆိုရင်တော့ ပီကေစားတာ၊ လွှင့်ပစ်တာတွေ့ရင် ဒဏ်ငွေ ၅၀၀၀ SGD ဆိုလားပဲ။
မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှား စတဲ့ အိမ်နီးချင်းနိုင်ငံများရောက်ခဲ့ရင်တော့
တိုးတိုးတိတ်တိတ်လေး ဝယ်ယြူပီး တိတ်တိတ်တိုးတိုးလေး စားနိုင်ပါတယ်။ အများကြီးတော့
မသယ်ခဲ့နဲ့ပေါ့ရှင်။ ဥပဒေလက်တစ်လုံးခြားလုပ်ရတာ လွယ်မှတ်လို့း)) စားပြီးလို့
လွှင့်ပစ်တဲ့အခါ စက္ကူ သို့မဟုတ် ပလတ်စတစ်တစ်ခုခုနဲ့ ထုပ်ပိုးပြီးမှ
အမှိုက်ပုံးထဲအရောက် ပစ်ပြီး သန့်ရှင်းမှုဖြင့် ကုသိုလ်ယူပါး)
၆) တကယ်လို့များ မေးစေ့နှစ်ထပ်ဖြစ်တာဟာ
ကိုယ့်ရဲ့ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေပြီဆိုရင်တော့ ပုံမှန်ကိုယ်ကာယ လေ့ကျင့်ခန်းဖြစ်တဲ့ အေရိုးဗစ်လိုမျိုး၊ လမ်းအမြန်လျှောက်တာမျိုး စတဲ့လေ့ကျင်ခန်းတွေကို
မှန်မှန်လေးလုပ်သင့်ပါတယ်။ အဲဒါမှကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပြီး
ကြွက်သားတွေလည်း ကျန်းမာသန်စွမ်းနေစေမှာပါ။
***
ဝန်ခံချက်။ ။ ဒီပို့စ်ထဲကအချက်အလက်တွေက
မတူညီတဲ့ online source တွေမှာ
ကျွန်မကိုယ်တိုင် ရှာဖွေမွှေနှောက်ရင်းရထားတဲ့ အချက်အလက်တွေမို့ citation တွေ၊
link တွေ နဲ့ အကိုးအကားစုံစုံလင်လင် ဖော်မပြနိုင်တဲ့အတွက် သည်းခံခွင့်လွှတ်ဖို့ မေတ္တာရပ်ခံပါရစေ။ နည်းလမ်းတော်တော်များများရှိသေးပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာပျင်းသူတွေအတွက် အလွယ်ကူဆုံးနည်းတွေကိုပဲ ရေးသားဖော်ပြထားပါတယ်။ ပီကေကြိုက်တဲ့ ကျွန်မအတွက်ကတော့....း))
အားလုံးပဲ အေးချမ်းသာယာသော နေ့ဖြစ်ပါစေရှင်။
မေတ္တာအားဖြင့်
မိုးပန်းချီ
အားလုံးပဲ အေးချမ်းသာယာသော နေ့ဖြစ်ပါစေရှင်။
မေတ္တာအားဖြင့်
မိုးပန်းချီ
မိုးရေ.....သိသင့်တာလေးလေးတွေသေချာဖတ်ခဲ့တယ်
ReplyDeleteအဲလိုလဲလုပ်ကြည့်နေတယ် ဟီး
နံပါတ်၁-၂-၃-၄ ကိုလေ
အစ်မစံပယ်ရေ...လေ့ကျင့်ခန်းလုပ်ကြည့်နေတယ်လား? ပိုပြီးအလှတိုးလာရင် fb မှာ အလှတွေ မျှဝေဦးနော် :)) ကျေးဇူး..မ။
Deleteညီမရေ.
ReplyDeleteမရောက်တာအတော်ကြာလို့ ခုမှ တခေါက်ရောက်လာရတယ်။ လေ့ကျင့်ခန်းကအမြဲလုပ်နိုင်ရင်
ကျန်းမာရေးအတွက် ကောင်းမယ်ဆိုတာ သိရက်နဲ့ အပျင်းကြီးနေမိပါရဲ့...
ချမ်းမြေ့ပျော်ရွှင်ပါစေ...
ချစ်တဲ့
သဒ္ဓါ
မဒါရေ..သတိတရလာလည်သွားတာ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကလဲသတိတရရှိပါတယ်..မရေ။ လူကမလှုပ်သာလွန်းလို့ စာတွေတောင်လိုက်မဖတ်နိုင်ဘူးရယ်။ အတူတူပဲ ညီမလဲလေ့ကျင့်ခန်းလုပ်ရင် mr.bean လိုပဲလုပ်နေတား)) မဒါလည်း ပျော်ရွှင်အေးချမ်းပါစေ။
Deleteချစ်တဲ့..
အစ်မပန်းချီရေ အနော်က ပီကေအရမ်းကြိုက်တာ။ နေ့တိုင်းဝါး တစ်နေကုန်ဝါးတာ။ ငယ်ငယ်ကဆို ပီကေတောင် အရည်ပျော်ကျသွားဖူးတယ်။ ကံကောင်းတာက ခုထိမေးရိုးမကားဘူး။ အာရုံကြောအားနည်းတာ ပီကေ၀ါးတာနဲ့များဆိုင်မလားမသိဘူး။
ReplyDeleteအကြိုက်တူနေပြီ ညီမလေးရေ။ ပီကေဝါးလွန်းရင် အာရုံကြောတွေကို အလုပ်ပေးနေသလိုဖြစ်တဲ့အတွက် အားနည်းတတ်ပါတယ်။ နည်းနည်းလျှော့စား။ ကိုယ့်ကိုကိုယ်လည်း သတိပေးနေတား)
Delete