ဘယ်သူမှမမြင်ရတဲ့…ဟိုးအတွင်းဘက်နားမှာ သေတ္တာတစ်လုံး..
ပထမ…
ပင့်သက်တစ်ချို့…သိမ်းကြုံးလို့ထည့်..
ခပ်ပြုံးပြုံးပါပဲ…။
ဒုတိယ…
အလိုမကျမှုတွေ…အပြည့်အသိပ်သိမ်း…
ခပ်စိမ်းစိမ်းနေတော့မယ်…။
တတိယ…
ဝမ်းနည်းတာတွေ…ထိုးသိပ်သွတ်သွင်း…
ခပ်ရှင်းရှင်းလေးနေချင်တယ်…။
စတုတ္ထ…
ကျမျက်ရည်တွေ…သေချာထုပ်ပိုး…
ခပ်ရိုးရိုးကလေးပါပဲ…။
ပဉ္စမ…
ခေါက်ရိုးကျိုးကျိုး…အလွမ်းတစ်ချို့…
အင်း……ခပ်တိုးတိုးကလေးတော့..လွမ်းမောချင်သေးတယ်…။
ကဲ…
ဖြစ်ချင်ရာဖြစ်…သေတ္တာရဲ့အပြင်ဖက်က…
သော့ခတ်ဖို့လိုလာပြီဆို…
မလျော့မတင်းတော့…ဖြစ်ပါစေ…။
နောက်ထပ် နှောင်ကြိုးတွေရစ်ပတ် မလာခင်ကလေး…
နောက်ထပ် လှည့်ဖျားသွေးဆောင် မခံရခင်ကလေး…
နောက်ထပ်…အလွမ်းတွေသံစဉ်ဖွဲ့မလာခင်ကလေး…
နောက်ထပ်…………………………………….
နောက်ထပ်………………………………………………..
နောက်ထပ်………………………………………………………………..။
xဝ xဝ xဝ xဝ xဝ xဝ xဝ xဝ xဝ
း) ဇို ဇို ဇို ဇို ဇို ဇို ဇို ဇို ဇို ဇိုး)
Monday blue ကြောင့်ပဲထင်ပါတယ်။ ထွက်ကျလာတာတွေကလည်း ပြာတာတာ နှမ်းတမ်းတမ်းတွေ။ ခုတစ်လော..ဘာမှန်းမသိပါပဲ…အဲဒါတွေနဲ့အချိန်ကုန်နေတယ်…း) မရည်ရွယ်ပါပဲ လွမ်းမောစရာတွေ ကူးစက်ခံလိုက်ရတယ်ဆိုရင်တော့ အဲဒီသေတ္တာထဲသာ ထိုးသိပ်ပြီးပြန်ထည့်ခဲ့ပါ…းP ပျော်ပျော်ရွှင်ရွှင်ကလေးဖြစ်သွားရအောင်း))…။
ရက်သတ္တပတ်ရဲ့ အစမှာ အားလုံးပျော်ရွှင်ငြိမ်းချမ်းကြပါစေရှင်…။
မေတ္တာမွန်ဖြင့်…
မိုးပန်းချီ
ဂျက်လဲထပ်လောင်းပြီး အလွမ်းတွေထဲ့ခဲ့တယ်
ReplyDeleteအဲဒီသေတ္တာထဲမှာပေါ့----
ချစ်ချစ်ခင်ခင် jasmine
ဝိရောဓိ သေတ္တာလေးထဲ အလွမ်းတွေ၊ အလိုမကျမှုတွေ၊ အားငယ်မှုတွေ၊ မျှော်လင့်ချက်တွေ တနင့်တပိုး ထည့်သွားတယ် အမရေ..
ReplyDeleteထည့်ခွင့်ပေးတာ ကျေးဇူးဗျာ။ :D
ခင်လျက်
Junemoe
ကဗျာလေးက ရိုးရိုးရှင်းရှင်းလေးနဲ့  ကောင်းလိုက်တာ...
ReplyDeleteစာသားတွေက ကောင်းတယ်မမရေ... :D :D
ReplyDeleteဗိုလ်ဒင်ရယ် မန်းဒေးဘလူးတင်မဟုတ်ဘူး ဒီမှာက မန်းဒေ ဘလက်ဖြစ်နေတာ ဟိဟိ
ReplyDeleteကဗျာလေးကနုတယ်..ကြိုက်တယ် ..
ချစ်တဲ့
မမြ၀င်း
ထင်တယ်...
ReplyDeleteအဆုံးကြ လွမ်းရတော့မယ်ဆိုတာ...
စ ဖတ်ထဲက..သိနေတယ်။
အခုတလော... အလွမ်းတွေနဲ့လူတွ များနေပါလားဟရို့...:)
စိတ်ဆင်းရဲမှုကို ဖန်တီးမဲ့အရာအားလုံးကို သေတ္တာလေးထဲ ခေါက်သိမ်းပြီး
ReplyDeleteသော့ခတ်ထားလိုက်တော့ မိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နောက်ထပ်...
ReplyDeleteနောက်ထပ်...
နောက်ထပ် စာတွေ ဆက်ရေးဖို့ မျှော်လင့်မိပါတယ် အစ်မ...
ကဗျာလေးက နူးညံတဲ့ အရေးအသားလေးနဲ့ တမျိုးဆန်းတယ်...
မန္တလာသူလေး June Moe...
ReplyDeleteသေတ္တာထဲထည့်သွားတာတွေကို သော့ပိတ်ပြီး အပြီးသိမ်းလိုက်မယ်နော်...း)) စာလာဖတ်သွားတာ ကျေးဇူးး)
စန်းထွန်းရေ...ကျေးဇူးတင်ပါတယ်ရှင်..း)
ညီမလေး Candy...
လာအားပေးတာကျေးဇူး...မတွေ့တာကြာပါရောလား...းD
ချစ်တဲ့ မဒမ်ဝင်းလေး....
ဘလူးဘလက်တော့ဖြစ်နေပြီ...း)) အာဘွားးးးးး
မမမြသွေး...
တော်ချက်ဗျာ..ကိုယ့်အစ်မရာ...လာအားပေးသွားတာ ကျေးဇူးတင်ပါတယ် မရေ..။ အလွမ်းတွေနဲ့နောက်ထပ်ဘယ်သူရှိသေးလဲ..မ? အဖော်လိုက်စပ်ရအောင်ပါ...းD
တီတင့်...
မတွေ့တာကြာပေမယ့်...မစားလိုက်ရတဲ့ ခေါက်ဆွဲသုပ်ကို ခုထိအိပ်မက်မက်နေတုန်းပဲ...း)) ကျေးဇူးတင်ပါတယ် တီတင့်ရေ။
ကိုညီရဲ...
နောက်ထပ်..
နောက်ထပ်...
နောက်ထပ် ကြိုးစားပါဦးမယ်း))
အားပေးသွားလို့ ကျေးဇူးပါရှင်။
အရမ်းအရမ်း သဘောကျသွားတယ်. တကယ်ပြောတာ
ReplyDeleteတစ်ဆင့်ချင်း သေတ္တလေးထဲ ခေါက်သိမ်းသွားပုံလေး လှပလွန်းတယ်..
နောက်ထပ် နောင်ကြိုးတွေရစ်ပတ်မလာခင်
နောက်ထပ် လှည့်ဖျားသွေးဆောင် မခံရခင်
နောက်ထပ်…အလွမ်းတွေသံစဉ်ဖွဲ့မလာခင်
ကိုယ့်ကိုယ်ကို သေတ္တထဲ ခေါက်သိမ်းပစ်လိုက်တယ်
မပျော်နိုင်ဘူးဗျာ ဖတ်ပြီး လွမ်းသွားတယ်။ နောက်ထပ်လဲ မျှော်နေအုံးမယ်။
ReplyDeleteချစ်မချော...ကိုယ့်ကိုကိုယ်တောင် သေတ္တာထဲခေါက်သိမ်းသွားတယ်ဆိုလို့ပြုံးမိရတယ်..မရေ...။ အာဘွားးးးးးးးး
ReplyDeleteအိပ်ယာ....အလွမ်းတွေ သတ္တာထဲထည့်ခဲ့ရောပေါ့ရှင်း))ကျေးဇူးပါနော်။
အစ်မကြီး.........
ReplyDeleteအရမ်းကောင်းတဲ့ ကဗျာ လေးကိုဖတ်ခွင့်ရလို့
ကျေးဇူးပါဗျာ အတွေးရော အရေးပါကောင်းလွန်းလှတယ်။
နွေတေးရှင်(မင်းဧရာ)
ReplyDelete((((ဟင်))))အစ်မလေးလုပ်ပါ..း))
အားပေးသွားတာ ကျေးဇူးတင်ပါရှင်။ မောင်လေး မင်းဧရားD