Saturday, January 8, 2011

အသစ်နေ့..ဆီ

 ကြာမြင့်ခဲ့ပြီဖြစ်သော အချိန်ကာလများသည် သူမ၏စိတ်ဒဏ်ရာကို ကုစားနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သောသူမ မျက်ဝန်းအိမ်များမှာတော့ အရောင်မှေးမှိန်နေဆဲ.. တစ်စုံတစ်ရာတောက်ပမှုတို့ကင်းဆဲ..ဒီနေရာလေးမှာသူမထိုင်နေခဲ့သည်မှာလည်းနာရီပေါင်းများစွာကြာမြင့်လို့နေခဲ့..တစ်ယောက်သောသူသည်သူမ အိမ်ပြန်အလာကို မျှော်လင့်ကောင်းမျှော်လင့်နေလိမ့်မည်.. သို့သော်မသေချာ...အားတင်းပြီး ထရန်ဟန်ပြင်တိုင်း ပင်ပန်းနွမ်းနယ်မှုတို့ကြောင့်တစ်ကိုယ်လုံးလေးလံလို့နေလေသည်။ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုဆိုလျှင် ပို မှန် မည်.. ခုံတန်းပေါ်တင်းထားသော လက်များကတော့ မလှုပ်မရှပ် အေးစက်စက်.။ မိုးရွာတော့မည်လား...သူမအိမ်ပြန်ရမည်..ဟုတ်သည်....အို...မဟုတ်ပါဘူး..အိမ်နှင့်တူသောနေရာသို့သာပါ...ရာသီဥတုသုံးပါးဒဏ်၊ ခိုးသားဓားပြဒဏ် မှလွဲ၍ သူမလိုအပ်သောအရာများပေးစွမ်းနိုင်ခြင်းမရှိသော အိမ်နှင့်တူသော အိမ်ရယ်ပါ...ထိုအိမ်သို့ပြန်ရောက်လျှင် ခေါက်ရိုးကျိုးနေသော လုပ်နေကျ အလုပ်များဖြင့်သာရှုပ်နေလိမ့်ဦးမည်.. အရင်ရောက်နှင့်နေလိမ့်မည်ဖြစ်သောသူတစ်ယောက်ကတော့ သူမကိုနှုတ်ဆက်စကားစဆိုမည်.. ပြီးလျှင်သူမ၏ဆံစတို့ကိုပယ်ကာနဖူးပြင်ကိုခပ်ဖွဖွအထိအတွေ့ကလေးတစ်ခုခြွေမည်.သူဘာမှမဖြစ်ခဲ့သလို ဘာကိုမှမပြောခဲ့သလို ခပ်မဆိတ်နေမည်..ဒါဆိုရင် ဖြစ်နေသောပြဿနာဖြေရှင်းပြီးပြီဟုသူထင်လေသလား..

"မင်းတောင်းဆိုတဲ့အရာတွေကို မပေးနိုင်ဘူးဆိုရင်ရော"