Thursday, April 21, 2011

လမင်းသို့...ဆောင်နှင်းပါ (တစ်နည်းဆိုရသော်..)

ရာဇဝင်ကဒီလိုရယ်….

ကျွန်မရဲ့ ယောက္ခထီးဖြစ်သူ အမြဲဆိုညည်းလေ့ရှိတဲ့သီချင်းလေးအကြောင်းပါ။ သူအဲဒီသီချင်းကိုဆိုတိုင်းလည်း ကျွန်မကိုရည်ညွှန်းဆိုတာရယ်လို့ လည်း ပြောလေ့ရှိပါတယ်။ အမှန်ကတော့ သီချင်းစာသားထဲက စာလုံးကလေးတစ်လုံးနဲ့ ကျွန်မနာမည်ထဲကတစ်လုံး စာလုံးပေါင်း၊အသံထွက်ချင်း အတော်ကလေးဆင်နေလို့ပါ..

သူက mic ကိုဟန်ပါပါ စတိုင်တွေ မလိုင်တွေနဲ့ ကိုင်၊ "လမင်းသို့ဆောင်နှင်းပါ" လို့ သီချင်းအစပျိုးလိုက်တယ်ဆိုရင်ပဲ ကျွန်မကိုပြုံးပြုံးကြီး စိုက်ကြည့်ပြီး၊ လက်ဝါးတစ်ဖက်ကလည်းဖြန့်လို့ ကျွန်မမျက်နှာတည့်တည့်ဆီကို ညွှန်ထားလိုက်သေးရဲ့.. အိမ်ကလူကတော့ သူ့အဖေကိုအံ့သြနေခဲ့လေတယ်။ အကြောင်းကတော့ အိမ်ကလူနဲ့ အကြောင်းမပါခင်ကတည်းက ကျွန်မကိုသမီးအရင်းတစ်ယောက်လို အရေးပေးဆက်ဆံတာကြောင့်ပါ။ ယောက္ခထီးကြီးက သူပြုံးမနေတဲ့အခါ အင်မတန်မှ မျက်နှာထားထန်သူ.. သူ့သားဖြစ်သူရဲ့ အရင့်အရင်အဆက်ဟောင်းများ ကိုပြုံးပြခဲလေသူကြီးပါ.. "ကျွန်မနဲ့ ကျမှတိုက်တိုက်ဆိုင်ဆိုင်" ဆိုသလိုပေါ့ :)) သူဆိုဆိုနေတဲ့ အဲဒီသီချင်းလေးကိုတော့ ၂၀၀၉ ခုနှစ်လောက်ကတည်းက အမျိုးသမီး အဆိုတော်တစ်ယောက်ရဲ့ ပြန်ဆိုတေးအနေနဲ့ ရင်းနှီးပြီးသားမို့ သူဆိုပြတဲ့အခါ ပိုလို့ကြိုက်သွားမိပါတယ်။ ယောက္ခထီးဖြစ်သူရဲ့ ဗားရှင်းကပိုကောင်းတယ်လို့ ဆိုရမလိုပါ။ သှူ့ဗားရှင်း က ၁၉၆၁ ခုနှစ်မှာ လမင်းသို့ဆောင်နှင်းပါ သီချင်းကိုသီဆိုခဲ့တဲ့ လျှမ်းလျှမ်းတောက်နာမည်ကြော်ကြားလူကြိုက်များခဲ့ဖူးတဲ့ အမေရိကန်လူမျိုး လူမည်းအဆိုရှင် Nat King Cole ရဲ့ဗားရှင်းပါ။ သီချင်းရဲ့မူရင်းအဆိုရှင် ကတော့ Nat King Cole မဟုတ်ခဲ့ပါဘူး..Nat King Cole မတိုင်ခင် အီတာလျံအမေရိကန်နွယ်ဖွား အမျိုးသမီး တီဗွီသရုပ်ဆောင်၊ အဆိုတော် Kaye Ballard ဆိုသူက ၁၉၅၄ ခုနှစ်မှာစတင်အသံသွင်းခဲ့တာပါ။

ဒီသီချင်းကိုပြန်ဆိုခဲ့တဲ့ အမျိုးသမီးအဆိုရှင် Diana Krall ရဲ့ဆိုဟန်ကိုကြားဖူးစတုန်းကတော့ သိပ်ပြီးစိတ်ဝင်တစား မရှိလှခဲ့တာအမှန်။ သူမရဲ့ဆိုဟန်ကကျွန်မကိုသိပ်မစွဲဆောင်နိုင်ပေမယ့် စာသားတွေကိုတော့ နှစ်နှစ်ခြိုက်ခြိုက် ခံစားလို့ရပါတယ်..နှလုံးသားရှိသူမို့ :)) ခုနောက်ပိုင်းမှာ ဒီသီချင်းကိုပြန်ဆိုလာတဲ့ တရုတ်စင်္ကာပူလူမျိုး Olivia Ong ရဲ့ ဆိုဟန် ဆိုပေါက်ကလည်း ချစ်စရာကောင်းပါတယ်..သူမရဲ့ ဆိုဟန်ကတော့ ချိုချိုအေးအေးလေးပါ..အခုလိုသီချင်းအကြောင်းလေးပြောကြစတမ်းဆိုရင်တော့ သီချင်းရဲ့ ဖြစ်တည်မှူအကျဉ်းလေးကို နည်းနည်းပြောပါရစေ။ ဒါကလည်းကျွန်မကို အင်မတန်စွဲလမ်းစေခဲ့တဲ့၊ ခုလည်းတစွဲတလမ်းနားထောင်နေမိစေတဲ့ သီချင်းလေးမို့ရယ်။

Wednesday, April 13, 2011

မောင့်ရွေရင်အေး နဲ့ ဆားချက်တဲ့ သင်္ကြန်လုလင်

ပင်လုံးဝေ ကြိုင်ကာသင်းပါတဲ့
ဝင်းရွှေဝါ ပိတောက်ညှာနဲ့
ခါတော်မီ ရင်ခွင်အေးစေဖို့
အတာရေ သီတာမွှေးနဲ့ ဖြန်းပက်လို့ဆေး

နွေးရာသီ ဒီဂိမှာန်ရောက်ပြန်တော့
ထွေးကာချီ တူယှဉ်တွဲပါလို့
ရွေပွဲတော် နှစ်ကိုယ်ကြင် နွှဲချင်ပါသေးမို့
ရပ်ဌာနေ အရောက်လှမ်းခဲ့ပါ့
မောင့် ရွှေရင်အေး....
"အမည်မသိ မိုးပန်းချီ :)"

သင်္ကြန်လုလင် - တေးဆို..ဂရေဟမ်
သီချင်းလေးနားထောင်သွားပါဦး :))

တကယ်တော့ဆားချက်တာ မိုးပန်းချီပါ.. :)

Tuesday, April 5, 2011

ကိုယ်တို့ အကြိုက်...မွန်းလိုက် :)

၁. နှိုးစက်ကို သုံးကြိမ်သုံးခါ ပိတ်ပြီးမှ အိပ်ယာကထရတာ ကြိုက်တယ်။ (snooze လုပ်ရတာ ကြိုက်လွန်းလို့ :))

၂. ရေချိုးခန်းထဲမှာ သီချင်းပေါင်းသောင်းခြောက်ထောင် အော်ဟစ်ဆိုပြီး ရေချိုးရတာကို ကြိုက်တယ်.. (အိမ်နီးနားချင်း များနှင့် အခန်းနီးနားချင်းများ နားဒုက္ခခံတော်မူကြပါကုန် (အသံသာ ရှာပါတယ်..ဟက်)

၃. ရုံးတက်ချိန် ၈း၁၅၊ အလုပ်စလုပ်ချိန် ၈း၄၅ လို့ကိုယ့်ဘာသာသတ်မှတ်ထားရတာကိုက အင်မတန်ကြိုက်စရာ (၁၅ မိနစ် မနက်စာ၊ ၁၅ မိနစ် ဘာညာကွိကွ ladies room :))

၎. "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" ဆောင်ပုဒ်ကိုလက်ကိုင်ထားပြီး ကိုယ်လုပ်ချင်တာလုပ်နေရတာကို ကြိုက်မှကြိုက်..(အလုပ်ချိန်တွင်း ဘလော့ဂ်ဂင်းခြင်း ဆိုပါတော့ရှင်)

၅. အလုပ်နောက်ကျတဲ့ အခါ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်၊ ဆင်ချေးတုန်း၊ ဆင်တစ်ကိုယ်လုံး ပုံလို့ ဆင်ခြေကန်ပြီး ကိုယ့်ကိုကိုယ် နည်းမျိုးစုံနဲ့ ခွင့်လွှတ်ရတာ အလွန်ကြိုက်..(အမြဲနောက်ကျတယ်မထင်လိုက်ပါနဲ့ တစ်ခါနဲ့ တစ်လှေတည်း ဘာာာ...)

၆. ကိုယ့်နာမည်အကြိမ်ကုဋေကုဋာပေါင်း များစွာခေါ်ပြီး အလုပ်ခိုင်းတတ်တဲ့ ဘော့စ်ရဲ့ ဖေးဘရိတ်ဖြစ်နေရတာကိုလည်း ကြိုက်တုန်း..(မောတော့မောတာပေါ့.. ဒါပေမယ့် မောပါဒယ် (._.))

၇. လခထုတ်ရက်များဆို ကြိုက်ကြိုက် ကြိုက်ကြိုက် များတောင် မည်နေသေး.. (တားတား စားချင်တာစားလို့ ရပြီးD)

၈. စနေ၊ တနင်္ဂနွေ နဲ့ အများပြည်သူ ရုံးပိတ်ရက်များဆို လာထား...အရမ်းးးးး ကြိုက် (ကိုယ်ကြိုက်တာ ကိုယ်လုပ်...ရေးးးးးး)

၉. အလုပ်စားပွဲပေါ်မှာ ဗိုက်ဆာရင်စားဖို့ အာလူးကြော်၊ Dark Chocolate၊ အချဉ်ပေါင်း များစွာ ကို လက်လှမ်းမီရာမှာ ထားရတာကိုလည်း ကြိုက်လိုက်သေးးးး (အစားက လူနဲ့တည့်တယ်ဆိုလား..)

၁၀. စကားမစပ်..ကတုံး(ခေါင်းတုံး) တွေကိုလည်း ကြိုက်တယ်းD (တစ်မျိုးတော့မထင်လိုက်ပါနဲ့..အိမ်ကလူကခေါင်းခဏခဏ တုံးလို့ပါ..ဆံပင်ရှည်လာရင် ခေါင်းယားတတ်တဲ့ သူ့အတွက်တော့ ကတုံးပြောင်ဖက်ရှင် ကသူနဲ့အလိုက်ဆုံး..ဆံပင်ငုတ်တိုလေးတွေထွက်လို့ လက်နဲ့သွားထိကြည့်ရင် အူယားစရာဖြစ်ရတာကိုတောင် ကြိုက်လိုက်သေး..)
****စာကြွင်း..အကြိုက်နံပါတ် ၁၀. က commercial break ပါ...အဟမ်းးးးးး*****