Sunday, February 26, 2012

စကားလုံးကင်းမဲ့...ချစ်ခြင်းရဲ့တောင်ပံတစ်စုံ

စကားလုံး (၁)

တုံ….တုံ…..တုံတုံးတုံ….တုံးတုံ…

ဟင်..ဘာသံကြီးပါလိမ့်။ ဖုန်း? ဖုန်းမြည်သံလား။ ဒါအိတ်ထဲကလာတဲ့ဖုန်းမြည်သံပဲ။ ဖုန်းက ဒီတစ်ခါလည်း အူကြောင်ကြောင်ဖြစ်ပြီး ဖုန်းမြည်သံပြောင်းနေပြန်ပြီ ထင်ပါရဲ့။  နေဦး..တံခါးပိတ်ပါရစေဦး။ ပြီးခဲ့တဲ့အပတ်ကမှ လဲတပ်ပေးထားတဲ့ fingerprint recognition system နဲ့တံခါးက ခတ္တာ အတွက်အဆင်တော့ပြေသားပဲ။ keyless lock မို့ အရင်တပ်ထားခဲ့ဖူးတဲ့ နံပါတ်တွေနှိပ်ပြီးမှ အိမ်ထဲကိုဝင်နိုင်တဲ့ တံခါးလိုတော့ ဒုက္ခမပေး။ မေ့တတ်လွန်းတဲ့ သူတွေအတွက်တော့ ဒီလိုတံခါးတွေဟာ အဆင်အပြေဆုံး။ ဒါပေမယ့် တံခါးဆိုရင်တော့ Lock တန်းလန်းလေးတွေနဲ့မှ ပိုပြီးကြည့်ကောင်းသလားလို့။ တံခါးပိတ်ပြီးအပြင်ထွက်တော့ ကောင်းကင်တစ်ပြင်လုံး ညိုမှိုင်းနေလိုက်တာ။ မိုးရွာတော့မယ်…။
ခုနကခေါ်နေတဲ့ဖုန်းကို ပြန်ခေါ်ရဦးမှာ..အမောင် ပဲနေမှာပေါ့။

“နင်ငါ့ကိုခေါ်ထားတယ် မဟုတ်လား”
“ပျံလွှား မှ လင်းယုန် ရထားဖြစ်လား၊ ဖြစ်ရင်အကြောင်းပြန်..ဒါပဲ။ ဟဲဟဲ….”
“ပေါက်ကရက စပြီ”
“ဘာလို့ဖုန်းမကိုင်တာလဲ..နေဦး ငါသိပြီ။ နင်တံခါးပိတ်နေတာ..ဟုတ်တယ် မဟုတ်လား”
“ဟဲဟဲ..ဟုတ်တယ်..အဲဒါကြောင့်နင်က ငါ့အချစ်ဆုံး သူငယ်ချင်းဖြစ်နေတာပေါ့ အမောင် ရဲ့။ ဟဲ့…..Happy Birthday နော်”
“နောက်ကျတဲ့သူဆိုတော့ ချွဲပြီ။ ငါ…နင့်အတွက် hot chocolate မှာထားနှင့်မယ်။ မိုးရွာတော့မယ်.. တက္ကဆီ ရပြီလား”
“အေး။ ….ဟင့်အင်း”

Sunday, February 19, 2012

ကြိုက်ခြင်း..

အဲဒါကို….
ဟုတ်တယ်…
အဲဒါကြီးကိုပါပဲ….

ကြိုက်တယ်။
ဟုတ်တယ်…
ကြိုက်လို့ကို ကြိုက်တာပါပဲ။
မရှင်းချင်ဘူး…ရှုပ်ကုန်မှာစိုး…
သြော်..အဟုတ်ကို ကြိုက်တာ။

နေပုံ ထိုင်ပုံ…
ဝတ်ပုံ စားပုံ…
သွားပုံ လာပုံ…

တည်ပုံ ငြိမ်ပုံ….
ပြောပုံ ဆိုပုံ…
ရေးပုံ သားပုံ…

ရိုးပုံ သားပုံ…
တီပုံ ထွင်ပုံ…
လန်းပုံ ဆန်းပုံ…

Friday, February 17, 2012

အိမ်လိပ်စာပြောင်းခြင်း

ဒီဖက်မှာ ဒီနေ့မိုးတော့နည်းနည်းအုံ့ပါတယ်။ 
လုပ်စရာတွေလည်းရှိနေတယ်။ 
 ရုံးအလုပ်၊ ကိုယ့်အလုပ်...

ရန်ကုန်ဖုန်းကို ခေါ်စရာရှိတယ်။
ခုရောက်နေတဲ့အရပ်က ပြည်တွင်းဖုန်းအချို့ကိုခေါ်စရာရှိတယ်။
ငွေလွှဲစရာရှိတယ်။
ဝယ်ထားတဲ့ပစ္စည်း အတွက် ပိုက်ဆံမပေးရသေး။
ရုံးအလုပ်တွေလည်း တစ်ပုံတစ်ပင်…
အပုံတွေကိုထိုင်ကြည့် ပင့်သက်ချအပြီး…


ရန်ကုန်ကိုဖုန်းခေါ်…ချက်ချင်းမရ…ထပ်ခေါ်..ကံကောင်းပါတယ်။
ပြည်တွင်းဖုန်းအချို့ကိုခေါ်…နောက်တစ်လိုင်းဝင်လာတာ နောက်ထား..။
ခု..ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်။ အဆင်မပြေတစ်ပြေပြီးစီး။
ငွေလွှဲလို့မရ…လိုင်းပေါ်ကနေလွှဲဖို့ စက်သေးသေးကလေး အိမ်မှာမေ့ကျန်..။
အိမ်ကလူကိုဖုန်းခေါ်…
အိမ်ကလူကလွှဲပေးမယ်ပြော…
သူကတော့ သူ့မှာရှိတဲ့ စက်သေးသေးကလေး မသုံးတတ်သေးတဲ့.. (._.)

ကိစ္စ..အပြင်ခဏထွက်လည်၊ ကိစ္စ..မရှိ။ နောက်မှပြောမယ်း)
ဝယ်ထားတဲ့ပစ္စည်းက အသစ်လိပ်စာ။ (အိမ်ကလူဝယ်ပေးတား))
တန်ရာတန်ကြေးမပေးရသေး၊ သူပေးတာ နားလည်မှု..
ပစ္စည်းရောင်းသူကို ကျေးဇူးတင် (သဘောကောင်းတဲ့ ကိုဇောင်းး)))
ညနေကျ ဆေးရုံအလည်သွားစရာရှိ၊
သူငယ်ချင်းတစ်ယောက်ကို သတင်းမေးရန်၊
နေကောင်းကျန်းမာရှိသော်လည်း…အားမရှိ…။

လိပ်စာအသစ်တပ်ဖို့ မအား…
သဘောကောင်းသူမှ နားလည်မှုထပ်ပေး…
လိုင်းပေါ်မှတင် စကားပြောရင်း…
ရုံးမှာပိတ်ထားတဲ့ ဘလော့ဂ်စပေါ့တ်ကို စကားပြောစက်ကနေပဲ ဝင်ရင်း…
ကူညီပေးသူထံမှ ကူညီမှုရယူရင်း…
သူပြောသမျှကို ဒီဖက်ကလိုက်လုပ်ရင်း…

မိနစ်ပိုင်းအတွင်း အဆင်ပြေ…း)
ဇာတ်ပေါင်းသော်…

တစ်ပုံတစ်ပင် ရုံးအလုပ် တစ်ကုပ်ကုပ်မလုပ်ပါ (၅၀%ပြီးစီး)
ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေလို့ပါ..(၆၀%ပြီးစီး)
ကွာဟမှုကတော့ မပြောပလောက်ပါ…
အိမ်လိပ်စာပြောင်းလို့ ပြီးစီးးD

***

အတည်ရေးပါပြီ။ ကျွန်မရဲ့ အိမ်လိပ်စာကို ဒေါ့ကွန်းလေးနဲ့ (အမှန်တကယ်က ဒေါ့ကွန်းနဲ့ပါ) လဲထားပါတယ်ရှင်း) ချစ်သော၊ ခင်သောသူများ အချိန်အနည်းငယ်ပေးပြီး ပြောင်းမှတ်/ချိတ် ပေးဖို့ မေတ္တာရပ်ခံပါတယ်။ လိပ်စာအပြောင်းအရွှေ့ကြောင့် သူငယ်ချင်းများ၊ ဘလော့ရေးဖော်မိတ်ဆွေများရဲ့ အိမ်လိပ်စာများလည်း ခေတ္တခဏ ပျောက်ရှကျန်ခဲ့ပါတယ်။
ဖြည်းဖြည်းချင်းပြန်ချိတ်သွားပါ့မယ်ရှင်။ ကျွန်မရဲ့အကျင့်ကတော့ နည်းနည်းနောက်ကျတတ်ပါတယ်။ ဗွေမယူပါနဲ့ရှင်း) လမ်းကြုံလို့ ရောက်ခဲ့သူများရှိရင် မေတ္တာရှေ့ထားလို့ အိမ်လိပ်စာလေးများထားခဲ့ပါနော်။ ကျေးဇူး (အကြီးကြီး) တင်ပါတယ်။

ဘာရယ်မဟုတ်ပါဘူး။
ပျော်စေချင်လို့ပါ။
ဒီကနေ့ နေ့သောကြား)

စာကြွင်း။ ။ ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ဘလော့ဂ်ပိတ်သိမ်းခြင်းဆိုလို့ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်မလည်း အဲဒီလိုလုပ်ဖို့ ခဏခဏအတွေးဝင်တတ်သူမို့ စာနာရင်းနဲ့ပဲ.... 

အားလုံးပဲ ပျော်ရွှင်ပါစေရှင်။
မေတ္တာအားဖြင့်
မိုးပန်းချီ

Saturday, February 11, 2012

တိရစ္ဆာန်ရုံကို သွားကြပါစို့ကွယ်...


တိရစ္ဆာန်ရုံကို သွားကြပါစို့ကွယ်... :)
ရာသီဥတုက သာသာယာယာ…။ စိတ်နှလုံးမှာ ချမ်းချမ်းမြေ့မြေ့။ ပြီးခဲ့တဲ့ စီအင်ဝိုင် ရုံးပိတ်ရက်ကလေးတစ်ရက် ကျွန်မတို့ဖက်မှာရှိနေခဲ့တယ်။ ဘယ်သွားမလဲ? ရုံးပိတ်ရက်ကြီးမှာ တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး အပန်းပြေစေမယ့် လူသိပ်ပြီးမထူထပ်တဲ့နေရာ..။ စိတ်လိုက်မာန်ပါရှိတဲ့ အိမ်ကလူက ရုတ်တရက် တနင်္ဂနွေညကြီးပြောလာတယ်။ အွန်လိုင်းမှာ book လုပ်နေပြီနော်တဲ့။ သြော…သူရွေးချယ်တဲ့နေရာက လူသိပ်မရှုပ်ရှာတဲ့ တိရစ္ဆာန်ရုံ ပါတဲ့။ ကောင်းရော…။ သူ့ခမျာမှာ ပွဲတော်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနဲ့ အင်္ဂါမှာ အလုပ်လုပ်ရမှာဖြစ်လို့ တနင်္လာနေ့တစ်ရက်ပဲ မိသားစုနဲ့ အပြင်ထွက်လည်ဖို့ ရက်ဖြစ်လေတော့ ဘာပဲဖြစ်ဖြစ် ပါရမီဖြည့်ဖက် ကျွန်မက ခေါင်းညိတ်ပြီး သဘူတော ပါတယ်လုပ်ရုံပဲပေါ့လေ။ ၁၈ လပြည့်ပြီးဖြစ်တဲ့ သက်တမျှကလေးကလည်း အကောင်ပလောင်ကလေးတွေမြင်ရင် လှုပ်လှုပ်ရှားရှားဖြစ်တတ်နေပြီဆိုတော့ တိရစ္ဆာန်ရုံ ကိုရောက်ရင် သူဘယ်လို တုန့်ပြန်မလဲဆိုတာလည်း ကျွန်မ နဲ့ အိမ်ကလူက သိချင်ကြတာလည်းပါ ပါတယ်။ 
Macaw..
သမီးကလေးရဲ့ favorite movie of the month ကတော့ Rio ပါ။ အဲဒိဇာတ်လမ်းထဲက blue macaw (မြန်မာလိုဆို ကြက်တော၊ ကြက်တူရွေး အကြီးစားကို ဆိုလိုပါတယ်) အထီး နဲ့ အမ ငှက်ကလေးနှစ်ကောင်ဟာ သူမကလေးရဲ့ အသည်းစွဲပေါ့။ villain ဇာတ်ကောင်ဖြစ်တဲ့ nigel  အမည်ရ cockatoo ကတ္တဝါ ငှက်ရဲ့ ကကွက်အခန်းကိုရောက်ရင်တော့ ခိုးခိုးခစ်ခစ်နဲ့ ရယ်နေလိုက်တာ ဘယ်သူခေါ်ခေါ်ကို လှည့်မကြည့်တော့ဘူး။ 

ဒီလိုနဲ့ ကျွန်မတို့ သွားဖို့ အွန်လိုင်းမှာ လက်မှတ်ဖြတ်လိုက်ပါတယ်။ Zoo ရဲ့ information တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။  မသွားရသေးသူများအတွက်ပါ။ Tram နဲ့ Boat Ride နှစ်ခုကို အကန့်အသတ်မရှိစီးနင်းခွင့်ပါတဲ့ လက်မှတ်ကိုဝယ်ဖြစ်ပါတယ်။ တစ်စောင်ကို 27 SGD ပါ။

ကဲ…Rio ဇာတ်ထဲက macaw လေးတွေကို သိပ်ကြိုက်တဲ့ ကျွန်မရဲ့ သမီးကလေး တကယ့်လက်တွေ့ အဲဒီငှက်ကလေးတွေကို တွေ့တဲ့အခါ ဘယ်လိုတုန့်ပြန်သလဲဆိုတာ သိရအောင် ကျွန်မတို့နဲ့အတူ လိုက်ခဲ့ကြနော်။
သူငယ်ချင်းရေ…တိရစ္ဆာန်ရုံကို သွားကြပါစို့ကွယ်…း))

Saturday, February 4, 2012

အမှတ်တရ ၃၃…

သစ်ရွက်ကြွေချိန်..
အမှတ်တရ ကောက်ခဲ့တယ်။
အဲဒိ..သစ်ရွက်ကလေး..
ပါးလျမှေးမှိန်လို့…အမှိုက်တစ်ခုဖြစ်သွားပေါ့။

တစ်နေဝင်ချိန်..
အမှတ်တရ ဆေးခြယ်ခဲ့တယ်။
အဲဒိ..ပန်းချီကားလေး…
ဆည်းဆာရောင်သမ်းလို့…အလွမ်းတစ်ခုဖြစ်သွားပေါ့။

မီးစာကုန်ချိန်..
အမှတ်တရ ငေးခဲ့ဖူးတယ်။
အဲဒိ..မီးတောက်ကလေး...
ခပ်ပြင်းပြင်းလောင်ကျွမ်းလို့…ပြာကျချုပ်ငြိမ်းသွားပေါ့။

ခု..တစ်နေထွက်ချိန်..
ကြေးမုံပြင်ရှေ့…အမှတ်တမဲ့ ရပ်ကြည့်မိတယ်။
အထဲက..ပုံရိပ်ယောင်ကလေး…
တိုးတိတ်..အိုမင်း…နွမ်းလျလို့…
ခပ်တိုးတိုးဆိုတယ်..(သုံးဆယ့်သုံး)။
ဒါပေမယ့်၊
နှစ်လိုဖွယ် အပြုံးတစ်ခုတော့ဆင်ရင်းပေါ့…….။

ရေးသူ = အမည်မသိ မိုးပန်းချီး)
***


တစ်နေထွက်ချိန်၊ ဒီနေ့မှာ ကျွန်မအသက် သုံးဆယ့်သုံးနှစ် တင်းတင်းပြည့်ခဲ့ပါပြီ။ ပျမ်းမျှလူ့ဘဝသက်တမ်းနဲ့ တွက်ကြည့်ရင် ဘဝရဲ့သက်တမ်းတစ်ဝက်မှာ ခြေအစုံလုံးချမိပြီးသားအချိန်လို့ ဆိုနိုင်ပါပြီ။ ကာလသုံးပါးထဲမှာ တစ်ပါးကသာ ပြန်လည်သုံးသပ်စရာတစ်ရပ်အနေနဲ့ကျန်ရစ်ပါတယ်။

“Yesterday is History”  ကုန်လွန်ခဲ့တဲ့ ကျွန်မရဲ့နေ့ရက် တွေကို ပြန်ပြောင်းတွေးကြည့်တဲ့အခါ..ရွှေရောင်လွှမ်းမနေခဲ့ပါဘူး…။ ရွှေလို့ထင်ရတဲ့ ဝါညိုရောင် မသမ်းတစ်သမ်းတွေနဲ့သာပါ။ ဒါပေမယ့်..ခုချိန်မှာတော့ အတိတ်ကို ပြုံးပြီးလှမ်းကြည့်နေနိုင်ပါပြီ။ ကျွန်မသဘောအရ ဖြတ်သန်းခဲ့ရတဲ့ အရေးပေါင်း သောင်းခြောက်ထောင် (လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ သာရေး၊ နာရေး၊ …ရေး) ကို ဂဏန်းသင်္ချာ၊ နံပါတ်တွေနဲ့ တွက်ကြည့်တိုင်းတာမနေပဲ…လက်ရှိစိတ်ကလေးတစ်ခုနဲ့သာ ပြောရမယ်ဆိုရင်တော့ ဖြစ်ပျက်ခဲ့ပြီးသားတွေမို့ မနှစ်လိုတာ၊ သဘောမကျတာ၊ နောင်တရတာတွေ ရှိမနေခဲ့တော့ပါဘူး။ အသက်ကလည်း စကားပြောလာပြီထင်ပါတယ်။ ဟေ့… ခင်ဗျားအသက်တစ်နှစ်ထပ်ကြီးပြန်ပြီနော်..တဲ့…။