Sunday, February 19, 2012

ကြိုက်ခြင်း..

အဲဒါကို….
ဟုတ်တယ်…
အဲဒါကြီးကိုပါပဲ….

ကြိုက်တယ်။
ဟုတ်တယ်…
ကြိုက်လို့ကို ကြိုက်တာပါပဲ။
မရှင်းချင်ဘူး…ရှုပ်ကုန်မှာစိုး…
သြော်..အဟုတ်ကို ကြိုက်တာ။

နေပုံ ထိုင်ပုံ…
ဝတ်ပုံ စားပုံ…
သွားပုံ လာပုံ…

တည်ပုံ ငြိမ်ပုံ….
ပြောပုံ ဆိုပုံ…
ရေးပုံ သားပုံ…

ရိုးပုံ သားပုံ…
တီပုံ ထွင်ပုံ…
လန်းပုံ ဆန်းပုံ…


…..
.....
.....

ကုန်ကုန်ပြောရရင်…
ကြိုက်ချင်လို့ ကြိုက်ပါတယ်။

အကြောင်းပြချက်မေးရင်
အကြောင်းမပြတတ်လို့ ခက်ရပေါင်းများပြီ…

အကြောင်းပြလိုက်ရင်လည်း
အကြောင်းမညီညွတ်လို့ ကျွတ်ဆတ်ဆတ်ဖြစ်ပေါင်းလဲမနည်း…

ရော်…ခက်တော့နေပါပြီ…
ကြိုက်ပါတယ်…..ဆို....။

***

mommy, it's over..
tomorrow is တနင်္လား|
ဘာပဲဖြစ်ဖြစ် ပျော်သလိုနေပါး))

မေတ္တာအားဖြင့်
မိုးပန်းချီ

18 comments:

  1. ဟန်ကြည်February 20, 2012 12:43 PM

    နောက်ဆုံး သတ္တုချလိုက်တော့ ကြိုက်လို့ ကြိုက်တာကို ဘာကြောင့်ကြိုက်တယ်လို့ လာမေးရင် ကြိုက်ရခြင်းအကြောင်းကို ကြိုက်ကြိုက်မကြိုက်ကြိုက် ရှင်းမပြချင်တော့တဲ့ သဘောပဲ ထင်ပါရဲ့း)

    ReplyDelete
  2. အစ်ကို့ ကောမန့်ဖတ်ပြီး ပြုံးဖြီးဖြီးကြီးတောင် ဖြစ်သွားရတယ်။ တကယ်ပဲး)) ကျေးဇူးတင်ပါတယ် အစ်ကို။

    ReplyDelete
  3. အကြောင်းပြချက်ဆိုတာ နေရာတိုင်းမှာအသုံးမလိုဘူး ဆိုတဲ့သဘော..း)

    ReplyDelete
  4. ကိုယ့်သဘောနဲ့ ကိုယ် ကြိုက်ချင်လို့ ကြိုက်သည်ပေါ့...

    ReplyDelete
  5. ကြိုက်လို့ကြိုက်တယ်တော် ဘာမှလာမပြောနဲ့
    ဘိုင်သဝေး.. သက်တမျှလေးရီနေတာသဘောကျလွန်းလို့ပါ ဗိုလ်အောင်ဒင်ရယ် ..

    မမြဒမ် အိမ်ပြန်ပြီးမင်သမီးလုပ်တော့မလို့ဆုံးဖြတ်လိုက်ပီး))

    ချစ်တဲ့
    မမြဒမ်

    ReplyDelete
  6. မမိုး၊ ရဲရဲ..ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါဟုတ်တယ်း)))
    ချစ်တဲ့ မမြဒမ်..ဟုတ်ကဲ့..ဘာမှမပြောတော့ပါဘူး..။ ဒမ် မင်းသမီးလုပ်ရင် ဒင် အမြဲအားပေးနေမှာနော်..းD ကိုယ်လည်းအိမ်ပြန်ခဲ့မယ်း)))

    ReplyDelete
  7. အင်.. မမ တနင်္လာနေ့မို့ စိတ်ဖောက်ပြန်သွားတာလား ဟိဟိ
    စတာနော် စိတ်ဆိုးနဲ့ :P

    ReplyDelete
  8. ကြိုက်ပါ။ ကြိုက်ပါ။ :P

    ReplyDelete
  9. ညီမလေး Candy, တနင်္ဂနွေညဆို တနင်္လာနေ့အတွက်ကြိုပြီး ဘလူးပါတယ်း)
    ညီမလေး မျက်ကျိ, ကြိုက်ပါဒယ်..ကြိုက်ပါဒယ်း))

    ReplyDelete
  10. ကြိုက်လို့ ကြိုက်တာ...
    ဘာအကြောင်းပြချက်မှ မလိုဘူး..
    ဟုတ်တယ်...
    ဖွဘုတ်မှာလဲ ကြိုက်ရင် likeလုပ်လိုက်တယ်... :)

    ( PS: Link ပြောင်းချိတ်ထားလိုက်ပြီ ညီမလေး)

    ReplyDelete
  11. မမမြသွေးရေ ဟုတ်တယ်..ဟုတ်တယ်း))
    လင့်ခ်ပြောင်းချိတ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် မ။

    ReplyDelete
  12. ကြိုက်ပါ ကြိုက်ပါ
    ကိုယ့်အကြိုက်နဲ့ကိုယ်
    :)

    ReplyDelete
  13. ကြိုက်ပါတယ်ဆိုမှ ဘာအကြောင်းပြချက်မှမလို..ကြိုက်လို့ ကို ကြိုက်တာနော် မပန်းချီ..သက်တမျှလေးက ချစ်စရာ ကောင်းလိုက်တာ..ဒီဇိုင်းလေးလည်း မိုက်တယ်...

    ReplyDelete
  14. ကြိုက်တာနဲ့လည်း ကဗျာဖြစ်တာပဲ..
    လုပ်ထား ဗိုလ်အောင်ဒင် :D

    ReplyDelete
  15. ကြိုက်လို့ ကြိုက်တာ.. မကြိုက်လို့ မကြိုက်တာ..
    အကြောင်းပြချက် မလိုပါဘူး.. :D

    ReplyDelete
    Replies
    1. အစ်မသိင်္ဂါ ဟုတ်ပါ့ မရေး))
      ညီမလေး စန်းထွန်း နဲ့ ကိုရင်..းD ကိုယ့်ကိုထောက်ခံတဲ့သူတွေ ဆိုတော့ ဆက်ကြိုက်လိုက်ပါဦးမယ်လေးD
      အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

      Delete
  16. တိန်! ရှင်းပါတယ်ခင်ဗျာ။ ကြိုက်ဖို့ ဘယ်သူမှ မတားသလို၊ မကြိုက်ဖို့လဲ ဘယ်သူမှ မကန့်ကွက်ပါဘူးဗျာ။ လုပ်ချင်တာလုပ်ပေရော့... :P

    ReplyDelete

ရင်ထဲရှိတာပြော..း)