Tuesday, October 11, 2011

သတင်းကောင်းဗျို့....

MRTV သတင်း....

အားလုံး မျှော်လင့်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာမည်ဟူသော သတင်းကြောင့် အင်းစိန်ထောင်ရှေ့၌ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ၊ သတင်းမီဒီယာများ စောင့်မျှော်နေကြပါတယ်..။

နေ့လည် ၁နာရီမှာ အစိုးရ MRTV သတင်းဋ္ဌာနမှ မနက်ဖြန် သီးတင်းကျွတ် လပြည့်နေ့မှာ အကျဉ်းသား ၆၃၅၉ ဦးအား ၁၂ အောက်တိုဘာမှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီဟု ကြားဖြတ်သတင်းကြေငြာလိုက်ပါတယ်..။

*** MRTV4 ကသတင်းကို မိတ်ဆွေတစ်ယောက် (ကိုမောင်မောင်) စာရိုက်ပြီးယူထားတာလေး မျှဝေတာပါ..။ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်များနဲ့ ထပ်တူဝမ်းသာပီတိဖြစ်ရပါတယ်..။ သူတို့ဘယ်လောက်များပျော်လိုက်ကြမလဲနော်..း) ***

p.s အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ခညောင်းသော သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါစေ..။

မေတ္တာဖြင့်
မိုးပန်းချီ

16 comments:

  1. ကာယကံရှင်၊ မိသားစုဝင်များနဲ့ ထပ်တူထပ်မျှ ၀မ်းသာရပါတယ်ညီမရေ...။
    တကယ့် သတင်းကောင်းလေးပါ...။

    ReplyDelete
  2. မိသားစုဝင်တွေကတော့အရမ်းကိုပျော်နေမှာပါ....
    လွှတ်ပြီးလဲ ဆေးဝါးကုသမှုခံရအုန်းမယ်လေ...
    နာမကျန်းဖြစ်လာကြမှာအသေအချာပါပဲ...

    ReplyDelete
  3. ခုနလေးတင် ကားမောင်းရင်း FM ကနေနားထောင်လိုက်ရတယ်...၀မ်းသာစရာသတင်းပါပဲ...။

    ReplyDelete
  4. နိင်ငံတခုလုံးနဲ့ ချီပြီး ဒုတိယအကြိမ်မြောက် ဝမ်းသာစရာ သတင်းပါပဲ။ လွတ်တဲ့အထဲ ကျောင်းသားခေါင်းဆောင်တွေ နိင်ငံရေးအကျဉ်းသားတွေ ပါဝင်ဖို့မျှော်လင့်နေမိတယ်။
    နောက်ထပ် နိင်ငံအတွက် တန်ဖိုးရှိတဲ့ သတင်းကောင်းများစွာ ဆက်လက် ကြားခွင့်ရဖို့ မျှော်လင့်ပါတယ်။

    ReplyDelete
  5. ဝမ်းသာကြည်နူးဘွယ်ရာသတင်းများ စဉ်ဆက်မပြတ် ကြားနေခြင်ပါတယ် မိုးရေ။ မိသားစုတွေရဲ့ ပျော်ရွှင်မှုကိုလည်း မှန်းဆပြီးဝမ်းသာမိတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. မင်္ဂလာရှိသော သတင်းပါ ညီမရေ....။ ကွဲကွာနေကြတဲ့ မိသားစုဝင်တွေ ဘယ်တော့မှ ထပ်မဝေးကြပါစေနဲ့တော့လို့ ဆုတောင်းမိပါရဲ့.....

    ReplyDelete
  7. ၀မ်းသာစရာ သတင်းပဲ မမရေ... :D

    ReplyDelete
  8. ယုံကြည်ချက်ခြင်း မတူရုံနဲ့  ထောင်သွင်းအကျဉ်းချတယ်ဆိုတာ ဒီခေတ်ကြီးမှာ မရှိသင့်တော့ပါဘူး။ မတူတာတွေကို တူအောင် အဖြေညှိကြရင် တိုင်းပြည်အတွက် ကောင်းကျိုးဖြစ်မှာပါ။ ဝမ်းသာသတင်းကို မျှဝေတဲ့အတွက် ကျေးဇူး မမ။ မင်္ဂလာအပေါင်းနဲ့  ခညောင်းသော သီတင်းကျွှတ် အခါသမယ ဖြစ်ကြပါစေရှင်။

    ReplyDelete
  9. တကယ်ကို သတင်းကောင်းပါပဲ အစ်မ...
    အနှစ်နှစ် အလလ ကွဲကွာနေတဲ့ မိသားစုတွေ တွေ့ ဆုံပွဲက ဘယ်လောက် ကြည်နူးဖို့ ကောင်းလိုက်မလဲနော်...
    တွေးမိရင်တောင် စိတ်လှုပ်ရှားမိတယ်...

    ReplyDelete
  10. မမပန်းချီရေ ဒါဟာတကယ်မင်္ဂလာရှိတဲ့သတင်းပါ ..
    မိသားစုတွေလဲပျော်ကြမှာပဲနော်း)

    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  11. မမမြသွေး..ဟုတ်တယ်.မရေ..။ သတင်းကြားရရုံနဲ့တင် အတော်ပျော်နေပါပြီး)

    မမJas...ဆေးဝါးကုသမှုခံရဦးမယ်ဆိုတာလည်း အဆိုးထဲကအကောင်းပါပဲနော်..အစ်မး)

    မမိုးရေ..မမိုးကတော့ တကယ်ကံကောင်းတယ်..ရန်ကုန်မှာဆိုတော့ သတင်းအစောကြီးကြားရတယ်နော်..။

    ကိုမြစ်..ဟုတ်တယ်အစ်ကိုရေ..ရန်ကုန်ပြန်တဲ့နေ့တုန်းက လေယာဉ်ပေါ်မှာ ပထမဆုံးဖတ်လိုက်ရတဲ့ ကြေးမုံသတင်းစာထဲကသတင်းကတော့ ဧရာဝတီသတင်းပါ..တစ်သက်မမေ့စရာ မင်္ဂလာအရှိဆုံး ခရီးစဉ်ဖြစ်ခဲ့တယ်။ ခုသတင်းကတော့ ကိုမြစ်ရဲ့ တိမ်မျှင်ကလေးတွေ လွတ်လပ်စွာ ခရီးဆက်နိုင်တော့မယ့် သတင်းပါပဲ...း))

    တီတင့်ရေ...ဟုတ်ကဲ့ အဲလိုမင်္ဂလာသတင်းတွေပဲများများ ကြားချင်ပါတယ်ရှင်..။ ရန်ကုန်မှာ တစ်ပတ်ပဲကြာခဲ့လို့ တီတင့်ဆီမရောက်ခဲ့နိုင်တာ ခွင့်လွှတ်ပါနော်. နောက်တစ်ခါဆိုရင်တော့ ဆက်ဆက်းD

    မမချစ်ကြည်...ဟုတ်တယ်မမရေ..ဘယ်တော့မှမဝေးကြေးနော်..သူတို့အတွက်ထပ်လို့ ဆုတောင်းလိုက်ပါတယ်။

    ညီမလေးကန်ဒီ..ပျော်သည်၊ ပျော်သည်၊ တို့ပျော်သည်..ပေါ့းD

    ညီမလေးစန်းစန်းရေ..သိပ်မှန်တာပေါ့..လပြည့်နေ့ရဲ့ ကောင်းခြင်းမင်္ဂလာကို အပြည့်အဝခံစားရတော့မယ့် မိသားစုဝင်တွေအတွက် ကိုယ်လည်းရင်ခုန်သလိုပါး)

    ကိုညီရဲရေ...ဟုတ်ပါ့နော်..။ တွေးရင်း တကယ်စိတ်လှုပ်ရှားမိပါတယ်း)

    မဒမ်ရေ...မှန်ပါ့။ မိသားစုတွေ ပြန်စုံစည်းရတဲ့ တကယ့်ပျော်ရွှင်စရာရသကို ခံစားကြရပါစေလို့ပဲ ဆုတောင်းပါတယ်။

    ချစ်တဲ့

    ReplyDelete
  12. ဝမ်းသာတယ်ဗျိုး။ :D :D :D :D သူတို့ရဲ့ မိသားစုတွေ အရမ်းပျော်ကြမှာပဲနော်။ သတင်းလေး အတွက် ကျေးဇူးပါ အစ်မပန်းချီရေ။

    ReplyDelete
  13. အိပ်ယာ...ဟုတ်တယ်ဗျို့..းDးDးD သီတင်းလည်းကျွတ်ပြီဆိုတော့ ပိုပျော်တယ်နော် အိပ်ယာရေ...(မဆီမဆိုင်းP)

    ReplyDelete
  14. သတင်းကောင်းလေးပါဘဲနော်
    ဘာအပြစ်မှ မရှိဘဲ အပြစ်ကြီးလေယောင်ဖန်ဆင်းပြီး
    နှစ်ပေါင်းရှည်ကြာ ထောင်ထဲမှာ ဆွဲသွင်းခံနေရသူတွေရဲ့ဘဝ
    လွတ်မြောက်ခွင့်ရတာ တကယ်ကို မင်္ဂလာသတင်းပါ။
    ကောင်ကင်းက လမင်းကြီး ဝင်းဝင်းပပ သာယာတင့်တယ်တဲ့ ကျက်သရေရှိသော သီတင်းကျွတ် လပြည့်နေ့ပါဘဲ နော်

    ReplyDelete
  15. လွတ်လာတဲ့သူတွေအတွက် ညီမနဲ့ ထပ်တူ ဝမ်းသာပါတယ်... ဒါပေမယ့်
    မလွတ်သေးတဲ့ ၈၈ မျိုးဆက်တွေအတွက်တော့ စိတ်မကောင်းဖြစ်နေတယ်...

    *** ပါလာတဲ့ မုန့်တွေ ကုန်သွားပြီလား...း))

    ReplyDelete
  16. မချောရေ...လွတ်လာတဲ့သူတွေအတွက်တော့ လမင်းကြီးကဝင်းဝင်းပပသာပါရဲ့..မလွတ်သေးတဲ့သူတွေအချို့အတွက်ကတော့ လမင်းကတိမ်သလ္လာဖုံးနေတုန်းပါပဲလားး(

    မမသက်ဝေ...ဟုတ်တယ်မရေ..ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား မိသိန်းကြည်ဖြစ်နေပြီ။ လွတ်လာတဲ့ ဦးဇာဂနာပြောသလိုပဲ..ကိုယ့်အိတ်ထဲကစိုက်ပေးရတာမှမဟုတ်တာ..အကုန်လွှတ်လိုက်ပါတော့လားနော်....။ ဘာပဲဖြစ်ဖြစ် လွတ်လာတဲ့သူတွေအတွက်တော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများကို ကျေးဇူးတင်ပါတယ်။

    ***ပါလာတဲ့မုန့်တွေကို ကင်မရာကစားခွင့်မပေးသေးဘူး မမး))) အိမ်ကိုလာစားပါဆို...းD ***

    ReplyDelete

ရင်ထဲရှိတာပြော..း)