Thursday, March 1, 2012

စိုး...

စိုး...
မချစ်ပါဘူး ဆိုပေမယ့်
သူ့ဘာသာ ရစ်တွယ်…
သွယ်ငင်တဲ့ ကြိုး..
တိုးပါနဲ့တော့ကွယ်
မယ့်သခင်.. သူသိမှာ စိုး…။

မလွမ်းပါဘူး ဆိုပေမယ့်
သူ့ဘာသာ မှန်းဆ…
တမ်းတရင်း လမ်းမှာငို
ပြိုပါတော့ မိုးရယ်
ကျမျက်ရည်.. လူမြင်မှာ စိုး…။

*** 

ရုံးမှာ နေရင်းထိုင်ရင်း ပျင်းတင်းတင်းရှိနေတုန်း မတော်တဆရွတ်မိတာလေး ချရေးဖြစ်တာပါ။
(._.)

မေတ္တာအားဖြင့်
မိုးပန်းချီ

9 comments:

  1. မိုက်တယ်.. မိုက်တယ်.... အမပန်းချီရေ.. ကြိုက်တယ်..

    ReplyDelete
  2. ကဗျာလေးတိုတို
    ရင်ထဲကိုဝင်လာတယ်
    ပျင်းတင်းတင်းရေးတဲ့ကဗျာလေးကလဲ ကောင်းလိုက်တာ
    ချစ်တဲ့ jasmine

    ReplyDelete
  3. ရွာပေးလိုက်ပါ မိုးရယ် ငါ့အစ်မ တစ်ယောက် ငိုနေတာ လူမသိဖို့ ...

    ReplyDelete
  4. ကာရန် နဘေတွေနဲ့  ကဗျာလေးက ကောင်းလိုက်တာ မပန်းချီ..လာလည်တိုင်း ဒီဇိုင်းအမျိုးမျိုးနဲ့  လှတယ်..

    ReplyDelete
  5. ဟန်ကြည်March 02, 2012 3:19 PM

    ပျင်းတင်းတင်းရှိလို့ရေးတာသာဆိုတယ်...ဖတ်ရတာ နရီကို မိနေတာပါလား...ဒွေးချိုးဆန်ဆန်ရေးထားတာက လှကိုလှနေတယ်...High five ပါ မိုးပန်းချီရေ...

    ReplyDelete
  6. သူများတွေများ မတော်တဆရွတ်တာလည်း ကဗျာဖြစ်တာဘဲနော်..
    ဖတ်လို့လည်းကောင်း ရွတ်လို့ကောင်းနေတာပါဘဲး))

    ReplyDelete
  7. လက်ဝဲ၊ အစ်မဂျက်စ် ကဗျာဆရာတွေ ကျွန်မကိုလာအားပေးသွားတာ ကျေးဇူးတင်လိုက်တား)
    ရဲရဲ..း))))))
    ညီမစန်းထွန်း..ကျေးဇူးပါ ညီမရေ..ရုံးမှာ ဘလော့ဂ်စပေါ့တ် ခဏဖွင့်ထားတုန်း လျှောက်ဆော့ထားတာပါ။ ခုတော့ သူတို့ပြန်ပိတ်လိုက်ကြပြန်ပြီး(
    ဆရာဟန်...ဆရာပြောတာနဲ့ ရှက်တောင်ရှက်သွားပြီး))
    မမချော...ကျေးဇူးတင်ပါတယ် မရေ။ muah...:D

    ReplyDelete
  8. ချစ်တဲ့ဗိုလ်ဒင်ရေ .
    ကဗျာလေးတွေသိပ်နူးညံ့တာဘဲ
    ဖတ်လို့သိပ်ကောင်းတယ်
    လင့်မတက်လို့ခုမှတွေ့လို့လာရတယ်

    ချစ်တဲ့
    မမြဒမ်

    ReplyDelete
    Replies
    1. ချစ်သောမမြဒမ်..ကျေးဇူးတင်ပါတယ် ဒမ်ဒမ်ရေး)) ♥

      Delete

ရင်ထဲရှိတာပြော..း)