Tuesday, May 1, 2012

ဧပရယ်လ် နွေလယ်ပုံရိပ်များ (၂၀၁၂)


အတာကူးတဲ့လတစ်လ ကုန်ဆုံးပြီးလို့ သိကြားမင်းကြီးတောင် တာဝတိံသာနတ်ပြည်မှာ တစ်ရေးတစ်မော အိပ်မောကျလောက်တဲ့အခါမှ ကျွန်မ မိုးပန်းချီတစ်ယောက် ဘလော့ဂ်ဘက်ကို သတိပြန်လည်လာပါတော့တယ်။ အတော်လေးကြာအောင် ကိုယ့်ဘလော့ဂ်နဲ့တင်မက ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေရဲ့ဘလော့ဂ်တွေနဲ့လည်း အဆက်ပြတ်ပြီး မရောက်ဖြစ်တာကြာခဲ့ပါပြီ။ ဘလော့ဂ်ဘက်မလှည့်ဖြစ်နိုင်တဲ့ အချိန်ကာလတိုလေးအတွင်းမှာလည်း ကျွန်မအတွက် အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ပါတယ်။ 

ကိုရီးယားကားထက်ရှည်သွားမှာစိုးလို့ နောက်ကြုံမှပဲရေးပါ့မယ်။ ကျွန်မရဲ့ထုံးစံအတိုင်းဆိုပါတော့းD တန်ခူးလရဲ့ လလယ်လောက်မှာ ကျွန်မရန်ကုန်ကို ခဏတဖြုတ်ပြန်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာရှိနေခဲ့တဲ့ တစ်ပတ်အတွင်း ဘယ်မှမရောက်ဖြစ်ပေမယ့် ရွှေတိဂုံဘုရားကိုရောက်ဖြစ်ခဲ့ပြီး သင်္ကြန်ဓါတ်ပုံတစ်ချို့လည်း ရဖြစ်အောင်ရခဲ့ပါတယ်။ အိမ်ကလူရဲ့ရိုက်ချက်တွေပါ။ ကျွန်မရဲ့ရိုက်ချက်တွေတစ်ခုမှမပါပါဘူးရှင်။ 

အကြောင်းကတော့ ကျွန်မရဲ့သက်တမျှကလေး ရန်ကုန်မှာအပြင်းဖျားနေခဲ့တဲ့အတွက်ကြောင့်ပါ။ အဖျား တစ်ရာ့လေး တစ်ရာ့ငါးကနေ တစ်နေကုန်မကျပဲရှိခဲ့တဲ့နေ့မှာတော့ ကျွန်မအတွက် အသက်ရှုမှားခဲ့ရတဲ့နေ့တစ်နေ့ဖြစ်ခဲ့ရပါတယ်။ ကျွန်မအမေကတော့ ညည်းသမီးရန်ကုန်နဲ့မတည့်ဘူးထင်တယ်လို့ ပြောရှာတယ်။ အရင်တစ်ခေါက်ပြန်တုန်းကလည်း အထူးကုဆရာဝန်ဆီရောက်ခဲ့ရသေးတာကိုး။ အရင်တစ်ခေါက်တုန်းကတော့ ရန်ကုန် ‘ရေ’ ကြောင့် သက်တမျှ နေမကောင်းဖြစ်ခဲ့ရပြီး၊ အခုပြီးခဲ့တဲ့သင်္ကြန်တွင်းမှာတော့ ရန်ကုန် ‘နေ’ ကြောင့်ပါ။ ကျွန်မတို့ပြန်တဲ့အချိန်ရဲ့ ရန်ကုန်ရာသီဥတုကလည်း ပူပြင်းလိုက်တာမှ မပြောပါနဲ့တော့။ ပြောလည်းမပြောတော့ပါဘူးလေး)) ကြုံဖူးလိုက်တဲ့သူတွေ သိကြမှာပါ။ 

ခုနှစ်သင်္ကြန်အကြောင်းပြောရရင်တော့ ရိုးရာသင်္ကြန်နဲ့ရာခိုင်နှုန်းတော်တော်များများဆန့်ကျင်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကိုလည်း အပြစ်တစ်ခုလိုလုပ်ပြီးပြောဖို့အင်အားမရှိတော့ပါဘူး။ ခေတ်ရေစီးကြောင်းကိုးလေ..နော့။ ရိုးရာယဉ်ကျေးမှုသင်္ကြန်နဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ရေကစားကြတဲ့သူတွေ အနည်းအကျဉ်းရှိသေးတာကို တွေ့ခဲ့ရသလို၊ ခေတ်ရေစီးကြောင်းလွန် ဝတ်စားဆင်ယင်မှုအချို့နဲ့ရေသဘင်ဆင်နွဲကြတဲ့သူတွေ ဒုနဲ့ဒေးရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အဲ…မဏ္ဍပ်တိုင်းလိုလိုမှာလည်း ဒိုးဒိုးဒွန့်ဒွန့် အင်္ဂလိပ်ဂီတနဲ့သာဆင်နွဲကြတာပါပဲ။ 

သင်္ကြန်မှာရေပက်ခံမထွက်တတ်တဲ့ ကျွန်မအဖို့ ရန်ကုန်ရောက်ရောက်ချင်း ညနေဖြစ်တဲ့ ပထမသင်္ကြန်အကြတ်နေ့မှာ အလုံပိတ်အငှားကားကလေးစီးနဲ့ ရန်ကုန်သင်္ကြန်ကိုလျှောက်ကြည့်ခဲ့ပါတယ်။ ရေကစားနေကြတဲ့သူတွေကိုကြည့်ရင် အလိုလိုပျော်လာမိသလို၊ သောက်စားမူးယစ်ပြီး အော်ဟစ်သွားကြတဲ့ သင်္ကြန်မောင်မယ်များကို တွေ့တဲ့အခါမှာတော့ ခေါင်းထဲနောက်ကျိကျိဖြစ်ခဲ့ရပါတယ်။ ရန်ကုန်သင်္ကြန်နဲ့ဝေးခဲ့တာ ဆယ်စုနှစ်တစ်စုရှိခဲ့ပြီမို့လား။ ရန်ကုန်သင်္ကြန်ရဲ့သင်္ကြန်မိုးနဲ့ ရာသီပန်းဖြစ်တဲ့ ပိတောက်ပန်းကိုလွမ်းလို့ ပြန်ဖြစ်အောင်ပြန်ခဲ့ပေမယ့် သင်္ကြန်မိုးနဲ့ရော သင်္ကြန်ပန်းပွင့်တာနဲ့ပါ လွဲခဲ့ရရဲ့။ ကံဆိုးပုံများ ပြော၊ မပြောချင်ပေါင်။

သင်္ကြန်အတွက် စာတိုစာစလေးတောင် ဘလော့ဂ်ပေါ်ခါတော်မီမတင်နိုင်ခဲ့ပေမယ့် သင်္ကြန်အပြီးမှာတော့ သင်္ကြန်ရဲ့အငွေ့အသက်တွေအများကြီးပါတဲ့ ဓါတ်ပုံတစ်ချို့တင်ဖြစ်အောင်တင်ပြီး မျှဝေလိုက်ပါတယ်။

လေးဆူဓါတ်ပုံ မြတ်ဘုရားရွှေတိဂုံ

ရပ်ကွက်ထဲက ရိုးရာသင်္ကြန်း)

ချစ်စရာ့ ရေသဘင်ပွဲ
နောက်ကပက်ပါ ကလေးရယ်း)
ချစ်စရာ့သင်္ကြန်မောင်မယ်ကလေးများ (ချစ်စရာကောင်းမှာပေါ့ တူလေးနဲ့ တူမလေး..တွေကိုးး))

ဖြည်းဖြည်း ပက်ပါဗျား)

ရေလောင်း ရေပက်ခံလာတယ်..
ကားရေဆေးနေသလား မှတ်ရတယ်း)

ဒီနှစ်သင်္ကြန် အတော်ပူတယ်း))
ရေမွန်းနေပြီဗျို့
သင်္ကြန်စည်းချက်နဲ့အညီ တို့လည်းကမယ်း)
တို့မဏ္ဍပ်က ပျင်းစရာ..
Alpine ရေကစားမဏ္ဍပ်
ရေမကစားတတ်လို့ ရေစိမ်နေတဲ့ သင်္ကြန်မယ်လေး သက်တမျှ (အပြင်းမဖျားခင် နှစ်ရက်အလို) 


 တစ်ချို့ပုံတော်တော်များများမှာ ရေကစားနေသူ၊ ရေပက်ခံသူတွေရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရတာမို့ မတင်ဖြစ်တော့ပါဘူး။ ပြောချင်ရာပြောကြပါတော့။ ထားရင်လည်းနေပါ့မယ်၊ သတ်ရင်လည်းရှင်ပါ့မယ်းD နှစ်ထောင့်ဆယ့်နှစ် ဧပရယ်သင်္ကြန်ပုံရိပ်များကို သင်္ကြန်ကြီးပြီးလို့ ခါတော်လွန်မှပဲ ဝေမျှလိုက်ရပါတယ်ရှင်း))

အာလုံးပဲပျော်ရွှင်အေးချမ်းသော အလုပ်သမားနေ့ပါပဲရှင်း) ဒီပို့စ်ရေးနေချိန်မှာ ကျွန်မရှိနေတဲ့ ခြင်္သေ့ကျွန်းငယ်လေးမှာတော့ မိုးချုန်းသံ တစ်ဂျိမ်းဂျိမ်းနဲ့ မိုးတွေသည်းသည်းမည်းမည်းရွာနေလေရဲ့း))


မေတ္တာအားဖြင့်

မိုးပန်းချီ


16 comments:

  1. အောက်ဆုံးက သက်တမျှလေး အလှဆုံးပါပဲ

    ReplyDelete
  2. ဗိုလ်အောင်ဒင်ပြန်လာပီကိုးး


    မမိုးကလဲ သက်တမျှဖျားမှာပေါ့ ရာသီပြောင်းတာကိုး စလုံးမှာကမိုးရွာနေတာ ရန်ကုန်ရောက်တော့ပူတာ
    ကလေးမပြောနဲ့ ဒိုးကန်တောင် မျက်နှာမှာ အမဲကွက်ကြီးတွေတောင်ဖြစ်လာတယ် ၅ ရက်ထဲ ပြန်တဲ့လူတောင်အဲလိုဖြစ်တယ် စဉ်းစားသာကြည့်တော့
    အပူရှပ်ချင်သလိုလို ခေါင်းတွေဆိုတာ အုံနေတာဘဲ
    နောက်များတော့မပြန်တော့ပါ အဲဒီလတွေကို ကြောက်သွားပါပြီး)))


    ချစ်တဲ့

    မမြ၀င်း

    ReplyDelete
    Replies
    1. မမြဝင်းဆီ ဗိုလ်အောင်ဒင်ပြန်လာရမှာပေါ့ကွယ်း))

      ဟုတ်ပါ့ ညီမလေးဒိုးကန်ရေ..ရန်ကုန်အပူကတော့ ဖျားလောက်တယ်ဆိုရမယ်။ မျက်နှာအကွက်တွေအတွက် အိမ်မှာသနပ်ခါးရှိရင် ရေခပ်ကျဲကျဲလေးလိမ်းအိပ်ကြည့်ပါလား..သနပ်ခါးကတော့ အကောင်းဆုံးမို့လား။ ကိုယ်လည်း နောင်ကိုဧပရယ်ရှောင်ပြီး ပြန်ဖို့စဉ်းစားထားတယ်။ ကောမန့်အတွက် ကျေးဇူးအထူးး)

      Delete
  3. ပျော်စရာကောင်းသလောက် ပူပြင်းလှတဲ့ သင်္ကြန်။ ချစ်စရာကောင်းလိုက်တဲ့ သက်တမျှလေးကို လာကြည့်သွားတယ်း))

    ReplyDelete
    Replies
    1. လက်တွေ့..လက်တွေ့ ချစ်မရေ..။ သက်တမျှကို လာကြည့်သွားလို့ အာဘွားးးးး))

      Delete
  4. သင်္ကြန်မယ်လေး သက်တမျှ အပူရှပ်သွားတာဖြစ်မယ်။ အသက်ကြီးသူနဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေမှာ
    ကိုယ်ခံအားနည်းတယ် မိုးရေ။ အထူးသဖြင့် နေရာဒေသ ရာသီဥတု မတူညီတာရဲ့ ရလာဒ်ပေါ့နော်။ ဂရုစိုက်အုံးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. အမှန်ပါပဲ တီတင့်ရယ်။ ဟုတ်တယ် နွေရာသီမှာ ကလေးဘုစုခရုတွေနဲ့ သက်ကြီးရွယ်အိုတွေ အေးအေးလူလူနားနေဖို့အတွက် အေးရိပ်သာလေးတစ်ခုလုပ်ပေးချင်စိတ်တောင် ပေါက်မိတယ်။လူကလည်း မချမ်းသာသေးတော့ခက်သားကလားး)ကျေးဇူးအထူးတင်ပါတယ် တီး))

      Delete
  5. ဓာတ်ပုံတွေကြည့်ပြီး သင်္ကြန်အလွမ်းပြေသွားတယ် မမိုးရေ..ရန်ကုန်အပူက ကလေးမပြောနဲ့  လူကြီးတောင် ဖျားချင်ချင်ရယ်..

    ReplyDelete
    Replies
    1. သင်္ကြန်အလွမ်းပြေသွားတယ်ဆိုလို့ ဒီကလည်းကျေးဇူးတင်ရပါတယ် ညီမစန်းထွန်းရေ..လူကြီးလည်းဒီပြန်ရောက်တော့ ဖျားသွားပါတယ်း))

      Delete
  6. သင်္ကြန်မယ်လေးက ချစ်ဖို့ကောင်းလိုက်တာ...
    ဖျားသွားတယ်လား.. ဒါဆို ပိန်သွားမှာဘဲနော်. ရေဆော့လို့ဖျားသွားတယ်ထင်တယ်။။
    ဓာတ်ပုံတွေ အားလုံးကောင်းတယ်.. ရွှေတိဂုံဘုရားပုံကို ရိုက်ထားတာလေး အရမ်းကြိုက်တယ်။
    သင်္ကြန်ပုံတွေလည်း ကြည့်ပြီး ပျော်လာတယ်။

    ReplyDelete
  7. သမီးရဲ့ ပထမ သင်္ကြန်ထင်တယ်...။

    ReplyDelete
    Replies
    1. အဟုတ်ပဲ အစ်မသုး) သမီးရဲ့ပထမဆုံးသင်္ကြန်ပါ သူနဲ့အိမ်ကလူကိုသင်္ကြန်ကြုံစေချင်တာရယ်၊ ကိုယ်တိုင်လည်းကြုံချင်တာရယ်းD အစ်မပျောက်နေတယ်နော်..

      Delete
  8. ညီမလေး...
    သက်တမျှလေး နေကောင်းသွားပြီလား...
    သနားပါတယ်..နှစ်ခါလုံး သူ့မှာ နေမကောင်းဖြစ်ရတာ...
    အစ်မလည်း အခု အလုပ်နည်းနည်းပါးမှ စာတွေ လိုက်ဖတ်နိုင်တော့တယ်...
    သမီးလေးရဲ့ပုံလေးကြည့်ရတာ ပိုချောလာသလို၊ ကိုယ်ရေစစ်ပြီး ကြီးကောင်နည်းနည်း ၀င်လာသလိုပဲ...
    ဂျိုစည်းလေးနှစ်ခွနဲ့ အသည်းယားစရာ..။
    ပါးဖောင်းဖောင်းလေးကို အားပါးတရ ဖျစ်ညှစ်ပစ်လိုက်ချင်တယ်။

    ReplyDelete
    Replies
    1. မမမြသွေးရေ..သက်တမျှက ရန်ကုန်ကပြန်လာပြီဆို ဒေါင်ဒေါင်မြည်ပြန်ဖြစ်သွားတာပါပဲ..တကယ်အံ့သြစရား)ညီမလည်း စာအသစ်မရေးနိုင်၊ သူငယ်ချင်း မိတ်ဆွေတွေရဲ့စာတွေလည်း လိုက်မဖတ်နိုင်ဖြစ်နေရတာ ကြာပါရောလား.. သက်တမျှကကြီးကောင်ဝင်လာတော့ နည်းနည်းပိုဆိုးချင်လာတယ်ဆိုတာလည်း ထပ်ဖြည့်ချင်တယ် မရေ..နောက်တစ်ခါရန်ကုန်လာဖြစ်တဲ့အခါ မဆီကိုလာလည်ချင်တား))))

      Delete
  9. အမှန်တော့ သက်တမျှ လေးကိုသတိရလို့လာကြည့်တာ မရောက်ဖြစ်တဲ့
    သင်္ကြန်လေးနဲ့တိုးပါလေရောနော်

    ReplyDelete
    Replies
    1. အစ်မစံပယ်ချိုရေ..ဒီနေ့မှပဲ ကိုယ့်ဘလော့ကို ကိုယ်လာပြန်ကြည့်နိုင်တော့တယ်။ လာလည်တာကျေးဇူးပါ မး) သက်တမျှလေးကို သတိတရရှိတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

      Delete

ရင်ထဲရှိတာပြော..း)