နှစ်မျက်နှာနဲ့
ခြင်္သေ့
ခြင်္သေ့တွေဟာ
မူယာမာယာများတတ်သလား? ကျွန်မတကယ်မသိပါဘူး။ ကျွန်မတွေ့ဖူးတဲ့ခြင်္သေ့နှစ်မျိုးကတော့ နည်းနည်းများတယ်ထင်ပါရဲ့။
ဒါနဲ့နေပါဦး ခြင်္သေ့ဘယ်နှစ်မျိုးရှိသလဲဆိုတာရော သိကြပါရဲ့လား။ ဒါလည်း ကျွန်မတစ်ကယ်မသိပြန်ပါဘူး။
ငယ်တုန်းကတော့ ညီမဝမ်းကွဲလေးတစ်ယောက်ကို ဘိုကျား လာပြီဟေ့လို့ ခြောက်လိုက်ရင် သူ့မှာပုန်းစရာနေရာကိုမရှိအောင်တုန်နေအောင်ကြောက်တာပါ။
ဘယ့်နှယ် ကျားဆိုတဲ့အမျိုးမှာလည်း ဘိုကျား ရှိသေးရဲ့။ တစ်ချို့အိမ်မွေးခွေးတွေကိုတော့
ကျားဘို လို့အမည်မှည့်ခေါ်ကြတယ်။ ချစ်စနိုးလေးမှည့်ကြပုံများ ခွေးကနေ ကျားဘိုတောင်ဖြစ်ရသေးတယ်
း) အံ့ရော။ ကျားခြင်္သေ့တို့ ခွေးခြင်္သေ့တို့ ဆိုတာလည်း နာမည်သာကြားဖူးတာ၊ တစ်ခါဖူးမှ
မမြင်ဖူးဘူးရယ်။ အဲ..လိုရင်းက ခြင်္သေ့အကြောင်းသိကောင်းစရာမဟုတ်ပါဘူး။ ဒီလိုပါ…
တွေ့ဖူးတဲ့
မူယာမာယာများတဲ့ ခြင်္သေ့နှစ်မျိုးကို စကားစပ်ရအောင်။ ……တစ်မျိုးက ကျွန်မမွေးရပ်မြေ ရန်ကုန်မှာကျန်ခဲ့ပြီ။
အမှတ်တရအဖြစ် တစ်ကောင်တော့ အိပ်ကပ်ထဲထည့်သိမ်းလာခဲ့တယ်။ သတိရတဲ့အခါ ထုတ်ကြည့်ဖို့ပေါ့
း)) ထားပါလေ။
မာယာများတဲ့
ခြင်္သေ့နောက်တစ်မျိုးအကြောင်းနည်းနည်း အကျယ်တဝင့်ပြောချင်တားD စင်္ကာပူခြင်္သေ့ဆိုပါတော့။
ဒါပေမယ့် စင်္ကာပူခြင်္သေ့က ခြင်္သေ့လုံးလုံးတော့မဟုတ်ဘူးရယ်။ ခြင်္သေ့ပြားပြားများလား?;P
ခြင်္သေ့နဲ့ ရေသူမကစပ်ကျတဲ့ ရေသူမခြင်္သေ့။ ရေသူမခြင်္သေ့နိုင်ငံမှာ ကျွန်မတို့လို ခေတ္တခဏလာနေထိုင်တဲ့
နိုင်ငံခြားသားတွေအတွက် အလုပ်သမားဝန်ကြီးဌာနက စည်းမျဉ်းဥပဒေအသစ် ထုတ်ပြန်လိုက်ပါပြီ။
လွန်ခဲ့တဲ့ ၉ ရက်ဂျူလိုင်ကပါ။ ကျွန်မပြောတာနောက်တောင်ကျနေပြီ။ နိုင်ငံခြားသားတွေ သိပြီးဖြစ်မှာပါ။
အသေးစိတ်ကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။ စည်းမျဉ်းအသစ်က နှစ်ထောင့်ဆယ့်နှစ်ရဲ့ စက်တင်ဘာလ
၁ ရက်နေ့ မှာမှ စပြီးအကျုံးဝင်မှာပါ။ စက်တင်ဘာမတိုင်ခင်မှာ ကိုယ့်ဆွေမျိုးညာတကာတွေကို
ဥာတကာနဉ္စသင်္ဂဟော ဆိုတဲ့တရားနဲ့အညီ ခေါ်သင့်တန်ခေါ်ပြီး စောင့်ရှောက်ထားကြပါကုန်။ ဒီရေသူမခြင်္သေ့က
တစ်ကယ်မလွယ်ဘူးပဲ။ သူ့နိုင်ငံသားတွေကို အကာအကွယ်အပြည့်ပေးနေပြီရယ်။ အတိုက်အခံပါတီက
အားကောင်းနေမှကိုး။ ရေသူမခြင်္သေ့အစိုးရကလည်း ဘယ်နေသာတော့မှာလဲလေ။ ဒါဟာလည်း တရားနဲ့အညီဖြစ်သင့်တဲ့သဘောအတိုင်းပါပဲ..ကိုယ်အမျိုးအနွယ်ကို
ကာကွယ်စောင့်ရှောက်ကြရမှာမဟုတ်လား?
နေပါဦးသူ့စည်းမျဉ်းအသစ်ကလဲ
ဟာသပဲလို့ ပြောရမလို။ အက်စ်ပတ်စ် နဲ့ အီးပတ်စ် သမားတွေကို လစာဒေါ်လာလေးထောင်နဲ့အထက်ရမှ
မှီခိုပတ်စ်တွေ လျှောက်နိုင်တယ်ဆိုတာမျိုး။ နိုင်ငံခြားသားတွေကို လက်မခံချင်လည်း လက်မခံပါနဲ့တော့လား
ခြင်္သေ့ကျွန်းရှင်တို့ရယ်။ နိုင်ငံခြားသားကို ရှာကြံခန့်ချင်တဲ့ အလုပ်ရှင်တွေကတော့ အကြံအဖန်လုပ်ပြီး
ခန့်မှာပဲ။ အဲသလိုဆိုရင် ကျွန်းရှင်တို့ “ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ” ဆိုတဲ့သီချင်းလေးညည်းကြဖို့သာရှိတော့တယ်။
သူတို့က FT (foreign talent) တွေကိုတော့ ကျွန်းမှာနေထိုင်ဖို့ ပြုံးပြုံးကြီးလက်ခံဦးမယ်ဆိုတာပဲ။
မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့သဘော။ အမှန်တော့ ဒီခြင်္သေ့ဟာ တစ်မျက်နှာက နိုင်ငံခြားသားတွေကို
လက်ခံချင်ပြီး၊ နောက်တစ်မျက်နှာမှာ မောင်းထုတ်ချင်တာလို့ ကောက်ချချက်မိတယ်။ ဒါက ကျွန်မအတွေးရယ်ပါ။
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ လက်ရှိခြင်္သေ့ကျွန်းမှာ နေထိုင်လျှက်ရှိပါတယ်။
ဆက်သွယ်ချင်တယ်ဆိုရင်တော့ မိုးပန်းချီ (ခေတ္တ ခြင်္သေ့ကျွန်း) ဆိုရင်ရပါပြီး))
***
လူထဲက..လူ
ခေါင်းစဉ်အရ
ရုပ်ရှင်ရီဗျူးဖြစ်မှာပဲလို့ ကြိုတင်များတွေးမိထားသလား? မဟုတ်ပါဘူး။ ဒီလိုပါ…
အိမ်ထောင်တစ်ခုမှာ
ဦးစီးဦးဆောင်လုပ်ရမယ့် သူတစ်ယောက်ဟာ အုပ်ချုပ်ဦးစီးခံ အိမ်ထောင်စုဝင်များထက် ကာယာ၊
ဥာဏအား သာလွန်ကြံ့ခိုင်ဖို့လိုတယ်လို့ ပုံမှန်အားဖြင့် ခံယူသတ်မှတ်ကြပါတယ်။ အဲဒီ သတ်မှတ်ချက်
သို့မဟုတ် ခံယူချက်က ယေဘုယျအားဖြင့်မှန်ကန်ပေမယ့် အိမ်ထောင်ဦးစီးဆိုတာဟာလည်း သာမှန်အုပ်ချုပ်ခံအိမ်ထောင်စုဝင်တွေလို
အသွေးနဲ့အသားနဲ့တည်ဆောက်ထားတဲ့ သာမာန်ပုထုဇဉ် လူတစ်ယောက်ပဲမဟုတ်ဘူးလား? သူ့မှာ ဦးခေါင်းတစ်လုံးထက်အပိုမပါပါဘူး။
ဆိုလိုတာကတော့ ခေါင်းဆောင် ဒါမှမဟုတ် ဦးဆောင်တဲ့လူတွေမှာလည်း သူ့အားနည်းချက်နဲ့ သူတော့ရှိတာပါပဲ။
အားနည်းချက်ကို လက်ညှိုးထိုး ယိုးမယ်ဖွဲ့နေမယ့်အစား သူဟာလည်း လူထဲကလူတစ်ယောက်သာမို့
တစ်ယောက်တည်းနဲ့ အရာရာမစွမ်းသာနိုင်ဘူးလို့ နားလည်ပေးကြဖို့တော့ လိုပါတယ်။ ခေါင်းဆောင်တို့သဘောအရ
သူဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့ အနစ်နာခံခဲ့ရတဲ့ အချိန်တွေရှိခဲ့တယ်ဆိုတာကိုတော့ ငြင်းပယ်ဖျောက်ဖျက်ပြစ်တန်ရာ
မကောင်းပါဘူးလေ။
ပြဿနာတစ်ခုကိုဖြေရှင်းဖို့ဆိုတာ
အိမ်ထောင်ဦးစီးအတွက်ပဲဖြစ်ဖြစ်၊ အိမ်ထောင်စုဝင်အတွက်ပဲဖြစ်ဖြစ် အချိန်တစ်ခုခုတော့လိုအပ်ပါလိမ့်မယ်။
ဘာရယ်လည်းမဟုတ်ပါဘူး…ခုတစ်လော အလွန်တရာ လွန်တာတွေတွေ့နေရလွန်းလို့ ရေးချင်ရာရေးတဲ့သဘောပါ
း))
ဘာပဲဖြစ်ဖြစ် ကျွန်မလည်း လူထဲကမိုးပန်းချီပါပဲ :D
***
ကျွန်မနှင့်မိုးပန်းချီ
မိုးပန်းချီနှင့်ကျွန်မ
ရင်းနှီးခဲ့သည်မှာကြာခဲ့ပါပြီ။ လွန်ခဲ့သောနှစ်နှစ်တာကာလ ကတည်းကဆိုကြပါစို့ရဲ့။ “မိုးပန်းချီ”
ဟူသည့် ကလောင်အမည်စတင်ဖြစ်တည်မှုကို မရှင်းလင်းလိုသော်လည်း အနည်းငယ်မျှ ရှင်းပြလိုပါသည်
း)) အနှီကလောင်အား သုံးဖြစ်ရသောအကြောင်းမှာ သိပ်မထူးဆန်းပါ။ သည်လိုပါ….
သမီးကလေး
သက်တမျှ၏အိမ်နာမည် “Rain” ကိုယူသုံးထားပြီး “ပန်းချီ” ဆိုသည်ကတော့ သက်တမျှကို ကျွန်မကြိုက်သော
ပန်းချီကားလေးတစ်ချပ်နှင့် တင်စားထားခြင်းမျှသာဖြစ်သည်။ သို့ကမို့ကြောင့် “မိုးပန်းချီ”
ဖြစ်လာရသည်။ ဖြစ်ရမည့်ကလောင်အမည်မှာ မိုးပန်းချီ မဖြစ်သင့်ပဲ “Rainပန်းချီ” သာဖြစ်သင့်သည်။
မြန်မာမှုပြုချင်လွန်မှုကြောင့် ဤသို့ဤနှယ် ဖြစ်လာရပါသည်။
မိုးပန်းချီ
ပိုင်ဆိုင်သမျှမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Facebook user name = Moe Panchi
အထက်တွင်
ဖော်ပြခဲ့သော gmail, .com (အရင်က blogspot.com ပါ) နှင့် FB မှလွဲ၍ အခြားသော ဘယ်
social website တွင်မှ မိုးပန်းချီ (သို့) MoePanChi အမည်ဖြင့် ကျွန်မရှိမနေပါ။ အခြား
social website များနှင့် အစုလိုက်၊ အဖွဲ့လိုက်ရေးသောဆိုက်ဒ်များတွင် နာမည်တူတွေ့ရှိခဲ့ပါလျှင်
နာမည်တူ၊ လူတူမရှားဟုသာ သဘောပိုက်စေလိုပါသည်။ အကယ်၍နောက်ထပ်နေရာအသစ်မှာများ ကျွန်မရှိနေမည်ဆိုပါလျှင်မူ
လေးစားခင်မင်ရသော မိတ်ဆွေ ဘလော့ဂ်ဂါများ၊ ရင်းနှီးနှင့်ခဲ့ပြီးသော သူငယ်ချင်းများ နှင့်
ဝါသနာတူခင်မင်ရသူ များအား တစ်နည်းနည်းဖြင့် အသိပေးပါမည်ဖြစ်ကြောင်း သတင်းကောင်းအား
မောင်းမတီးပဲပါးချင်ပါသည်း)))
ဘာပဲဖြစ်ဖြစ်…မိုးပန်းချီအမည်နှင့် ပေါ်တစ်ခါ၊ ပျောက်တစ်လှည့်ဖြင့်
စာရေးချင်ရေးနေပါဦးမည်။
မှတ်ချက်။
။ နောက်ဆုံး စကားစမြည်အား တည်တည်တံ့တံ့ ဖြစ်စေလိုခြင်းအလို့ငှာ စကားပြောနှင့်မဟုတ်ပဲ
စာပြော နှင့် ခပ်တည်တည် ရေးထားပါသည်။ ပုံ/မိုးပန်းချီနှင့်ကျွန်မ…
Will put an end here this Talk Show with MoePanChi :P
***
အထက်ကပုံကို google မှယူပါတယ်။
နောက်တစ်ကြိမ် talk show
မှာတွေ့ကြမယ်နော်…း)
ရက်ကောင်းရက်သာ နေ့သောကြာပါရှင်။
အားလုံးပဲပျော်ရွှင်နေကြလိမ့်မယ်လို့ ယုံကြည်နေပါရစေး))
မေတ္တာအားဖြင့်
မိုးပန်းချီ
talk show ကို ရှေ့ဆုံးက ပါးစပ်ကြီးအဟောင်းသားနဲ့ လာမော့တယ်အေ...းD
ReplyDelete:D :D ရှေ့ဆုံးက ပါးစပ်ကြီးအဟောင်းသားနဲ့ အားပေးတဲ့ အမာခံပိတ်သတ်ကြီး တစ်ယောက်ကြီးများတောင် ရှိတယ်ဆိုတော့ ဒီ talk show အောင်မြင်တယ်ဆိုရမယ် :D ကျေးဇူးတင်ပါတယ် မမသီတာ..း))
Deleteသက်တမျှလေးကိုမမြင်ရတာကြာခဲ့ပြီ
ReplyDeleteခုမှပြန်ကြည့်ဖြစ်တယ် မိုးရေ
ဘယ်လိုအကြောင်းပဲဖြစ်ဖြစ်ပါ တတ်နိုင်သလောက်လေးတော့စာတွေ
ရေးပါလို့ မအားတာလဲ ကိုယ်ချင်းစာမိပါတယ်(rain ပန်းချီ)ဆိုတာလေးကိုပိုပြီးသဘောကျတယ်
ဟုတ်ကဲ့ ဝါသနာကိုတားမရတော့ ဆက်ရေးနေမိမယ်ထင်ပါရဲ့ အစ်မစံပယ်။ အားပေးတာကျေးဇူးပါ မ..Rainပန်းချီ နဲ့စာရေးမိရင်အကောင်းသားလို့ နောင်တရမိတယ် မရေ..း)
Deleteဖတ်လို့ကောင်းအောင် ပေါ့ပေါ့ပါးပါးလေး ရေးတတ်တယ် ငါ့ညီမး)))
ReplyDelete:D ကျေးဇူး မကြီး...:D
Deleteသက်တမျှလေးဆိုလို့ မနှစ်ကသင်္ကြန်အခါတွင်းမှာ အအေးပတ်ပြီးဖျားတာကို ရုတ်တရက်သတိရလိုက်တယ် မိုးရေး)
ReplyDeleteပေါ်တစ်လှည့်ပျောက်တစ်လှည့် ဆိုတဲ့တိုင် အရေးအသားတွေ ကောင်းတယ်။ အမြဲအားပေးနေပါတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သက်တမျှလေးကို သတိရတာကိုရော၊ အမြဲအားပေးနေတဲ့အတွက်ပါ ကျေးဇူးတင်ရပါတယ် တီရေ..တီတင့်လည်းအမြဲ စိတ်ချမ်းမြေ့၊ ကိုယ်ချမ်းသာရှိပါစေရှင်။
Deleteမတွေ့ရတာကြာပေမယ့် အမြဲသတိရနေပါတယ် ညီမငယ်ရေ.။ နေရောကောင်းရဲ့လား။
ReplyDeleteအရေးအသားကောင်းတဲ့ညီမငယ်ရဲ့လက်ရာကောင်းတွေကို မျှော်လင့်မိပေမယ့်
အချိန်အဆင်ပြေမှပဲရေးနိုင်မယ်ဆိုတာ တွေးမိပြန်တော့.။
မိသားစုအားလုံး ချမ်းမြေ့ပျော်ရွှင်ပါစေ.။
ချစ်တဲ့
မဒါ
အမြဲသတိရပေးလို့ ကျေးဇူးတင်လိုက်တာ မဒါရေ..နေတော့ကောင်းပါရဲ့လို့သာဖြေရမှာပါပဲ..မရေး)) မလည်း ပျော်ရွှင်ပါစေနော်း) muah..
Deleteအစ်မ ပြောတဲ့ ရေသူမခြင်္သေ့ကြီး မာယာများပုံတော့ ပြောမနေပါနဲ့ တော့ အစ်မရယ်... စိတ်ကုန်တယ်... ဒါကြောင့် နှစ်ကုန်ရင် ပြန်တော့မယ်... ပျော်တော့ဘူး...
ReplyDeleteအဲ...တကယ်ကြီးပြန်တော့မှာလား ရဲရဲရေ...ဒီမှာလည်း ပြန်ချင်ရက်လက်တို့ ဖြစ်နေတာ..ရေသူမခြင်္သေ့တို့လုပ်ပုံးD.. သက်တမျှကိုလည်း ပီအာရ်မပေးပဲ တစ်နှစ်ထပ်နေဖို့သာ ထပ်တိုးပေးတာ စိတ်နာချင်ပြီ..
Deleteကိုယ့်အတွက်တော့ မိုးပန်းချီ / Rain ပန်းချီကတော့ တစ်ယောက်ဆိုမှ တစ်ယောက်ထဲပဲး) ရေသူမခြသေံ့ရဲ့ မာယာတွေကိုတော့ နည်းနည်းကြောက်စပြုနေပြီ အစ်မရယ်...
ReplyDeleteကျေးဇူးတင်ပါတယ် ညီမလေးသူသူး) အင်း...အိမ်ပြန်ဖို့ အချိန်တန်ပြီ ထင်ပါရဲ့း))..
Deleteအခုမှ လာဖတ်ဖြစ်တယ် အစ်မရေ။ ညီမတော့ အစ်မ ပန်းချီလို့ ခေါ်ရတာ နှုတ်ကျိုးနေပြီ။
ReplyDeleteအစ်မ ပန်းချီ ကျန်းခန်းသာလို့  မာပါစ..သက်တမျှတောင် တော်တော်ကြီး လာတယ်..
ReplyDeleteကျေးဇူးတင်ပါတယ် ညီမလေးမြတ်ကြည်ရေ..း)
ReplyDeleteညီမလေးစန်းထွန်းရေ ခုထိတော့ ကျန်းမာပါတယ်း)..လာလည်တာကျေးဇူးတင်ပါတယ်။ သက်တမျှကအရှည်ကြီးရှည်လာတာ ကိုယ့်လို ဂျပုကို ကျော်တက်တော့မယ်ထင်ပါရဲ့း))
ပေါ်တစ်ခါ ပျောက်တစ်လှည့် မိုးပန်းချီလေးကို လာချောင်းတား))
ReplyDeleteနာမည်ကလည်း လှတော့ နာမည်တူတွေ မကြာခဏ ပေါ်လာမှာတော့ သေချာပါတယ်လေ
ခုလို ရှင်းလင်းထားတော့လည်း ကောင်းတာပါဘဲနော်
ခြင်္သေ့ကျွန်းက မိုးပန်းချီတဲ့လား..
ကဗျာတောင်ဆန်သေးတယ် ပေးထားတာလေးက :)
အစ်မချောရေ..လာလည်အားပေးသွားတာ ကျေးဇူးတင်ပါတယ်း) တကယ်တော့ ပေါ်မလာ ပျောက်တစ်လှည့်ကို ဖြစ်နေတာ မရေ..ကဗျာဆန်တယ်ဆိုလို့ သဘောတောင်ကျသွားပြီး))
Deleteလင့်သေနေတာခုမှရောက်တယ် ဗိုလ်အောင်ဒင်ရယ်
ReplyDeleteဘာပဲပြောပြော အချိန်တန်ရင်တော့ ဒီမူယာမာယာခြင်္သေ့ကျွန်းကိုစွန့်ခွာဖို့တော့ပြင်ရမယ်း)
မမြဒမ်
မမြဒမ်...ဟုတ်ပါ့နော်.. ဒီသောင်ယံက မခွာရက်နိုင်တယ် လုပ်လို့မဖြစ်ချေတော့ဘူးး))
Deleteချစ်သော ဒင်းD