![]() |
သနားစရာ့ ပန်းခရေ..း) |
ပင်ယံမှာ ဖွေး၊
မွှေးမြမြဝေ။
နွေပူပူမှာ မညှိုးစတမ်း..
မိုးသည်းလည်း မနွမ်း...။
ဆောင်းတွင်လည်း လန်းဆန်း..။
တစ်ခါတစ်ရံ..
အချိန်တန်လို့
ရင်ခွင်ဟောင်း..ပင်ယံမြင့်ဆီက
လွင့်ကြွေကာကျ
အခြေ မလှမပ..
မြေခနွမ်းကျေ..
ရနံ့မပြေတဲ့..
ပန်းခရေ ဘဝမှာတောင်
သူ…….ကောက်ယူ..မွှေးကြူမယ်ဆို…
ခရေငယ် တစ်ပတ်နွမ်းလို
တစ်ဒင်္ဂဖြစ်တည်တည်…
ရင်လယ်သီဖောက်
သွယ်ကုံးပန်ဆင်…
ငွေ့ရင်ခွင်ထဲ…
မှေးစက်...လဲလျောင်း...ပါရစေ..။
***
***
-------------*****---------------
-------------*****---------------
***ဘာရယ်တော့မဟုတ်ပါဘူး...။ မနက်စောစောတိုင်း ဘူတာရုံကိုသွားရာလမ်းမှာရှိတဲ့ ခရေပင်အကြီးကြီးတစ်ပင်က ကြွေကျလာတဲ့ ခရေပန်းပွင့်ကလေးတွေကို ကြည့်ရင်းသနားသလို ခံစားမိလို့ ဒီကဗျာကလေးစပ်ဖြစ်ပါတယ်...။
အိမ်ခြံဝင်းအစွန်းတည့်တည့်မှာကပ်ပေါက်နေတာမို့ ရုံးသွားရုံးပြန်ကောက်ဖို့တောင် မလွယ်တဲ့ ခရေပန်းလေးတွေကို သက်စွန့်ဆံဖျား တစ်နေ့ကပဲ ဓါတ်ပုံရိုက်ယူလာခဲ့တယ်..။ သက်စွန့်ဆံဖျား ရတဲ့အကြောင်းကလည်း ဒီလိုရှိပါတယ်..၊ ဒီရက်တွေအတွင်း မိုးကရွာလိုက်၊ နေကပူလိုက်နဲ့ မိုးနဲ့နေ ကြည်စယ်နေလိုက်ကြတာ..ခရေပန်းလေးတွေဘဝကသနားစရာတောင် ကောင်းနေသေးတော့တယ်..။ မိုးရွာတဲ့နေ့တွေမှာဆို ရေတွေစပ်စပ်ထဲမှာ ပန်းတွေရေနစ်နေကြပြီး၊ နေပူတဲ့နေ့တွေမှာတော့ ဘာဘီကျူးအကင်လုပ်တာထက်တောင်ဆိုးနေသေးတာပါ..။ ဒါပေသည့် တတ်သည့်ပညာမနေသာဆိုသလို ဓာတ်ပုံရိုက်ယူချင်လွန်လွန်းလို့ နည်းလမ်းအတော်ရှာခဲ့ရသေးတာရယ်..။
အဲတစ်နေ့ကတော့..နေမပူ၊ မိုးမရွာတဲ့ အိမ်အပြန်လမ်းဖြစ်နေတာနဲ့ ဘယ်သူတွေဘယ်လိုကြည့်ကြည့်..ကိုယ်လည်းဘယ်လိုအနေအထားတွေမှာပဲဖြစ်နေနေ ရအောင် ရိုက်ယူခဲ့ပါတယ်..။ တကယ်တော့ လမ်းပေါ်ဖွေးဖွေးလှုပ်ကြွေကျနေပေမယ့် ရိုက်ရတဲ့အခါ ဒိုင်ဗင်မထိုးရုံတမယ်၊ ကတ္တရာလမ်းပေါ် လှဲမအိပ်ရုံတမယ်ပါပဲ..။
ဟိုနေ့တွေကမိုးရွာထားတော့ ရေစပ်စပ်ဖြစ်နေတာကိုလဲရှောင်ရသေး..ကားလမ်းကျဉ်းလေးပေါ်မှာမို့ ရှေ့နောက် ဘယ်ညာကလည်းကြည့်ရသေး..အပင်အောက်တည့်တည့်နားက ဇလားပုံခပ်ရှည်မျောမျော အစိမ်းရောင် အမှိုက်ပုံးအကြီးစားကိုလည်း ရှောင်ရသေး..လူနည်းနည်းရှင်းအောင်လည်းစောင့်လိုက်ရပါသေးတယ်..။ ဒါပေမယ့် ဝါသနာပါတဲ့သူများကလည်း မတ်တပ်ကလေးရပ်ပြီးများတောင် ကိုယ်ဘာလုပ်နေသလဲ စောင့်ကြည့်လား ကြည့်သွားရဲ့..။ ရုံးအဝတ်အစားကြီးနဲ့ အတော်လေးခါးကိုင်းပြီးရိုက်၊ စောင့်ကြောင့်ထိုင်ပြီးလည်း ရိုက်ရတာမို့ တစ်ချို့များကတော့ ယဉ်ယဉ်လေး လို့များတောင် ထင်သွားသေး ထင်ပါရဲ့...။ လက်ကိုင်စကားပြောစက်ကလေးနဲ့ ရိုက်ရတာမို့ သိပ်တော့ ကြည်လင်ပြတ်သားမနေခဲ့ဘူး..။ ဘာပဲဖြစ်ဖြစ် လူတွေဒီလောက် ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ကြားက အရဲကိုးပြီး ကုန်းကုန်းကွကွ ရိုက်လာခဲ့ရတာမို့ မလှမပဖြစ်နေပေမယ့်လည်း မျက်စိစုံမှိတ်ပြီး လှသားပဲလို့ ပြောပေးနော်..နော်..း) ပန်းခရေစွန့်စားခန်းက လန်းပေသကိုး..လို့..နော..း)))
(ဓါတ်ပုံရိုက်ယူခန်း ဤတွင်ပြီး၏းD) ***
သေချာပါတယ်...
ReplyDeleteပန်းခရေ စွန့်စားခန်းကလဲ လန်း၊ ကဗျာ ကာရန်လေးကလဲ ဖမ်းစားပေသကိုး...း))
ခရေနဲ့ စံပယ်က ကန်ဒီ အကြိုက်ဆုံးပန်းလေးတွေပါ... ကဗျာလေး အရမ်းကောင်းတယ်.. ကန်ဒီ့ငယ်ဘ၀တောင် သတိရသွားတယ်.. ခရေတွေကောက်... နှီးကြိုးလေးနဲ့ကိုယ်တိုင်သီပြီး ပန်တာလေ.. =)
ReplyDeleteမမသက်ဝေ..
ReplyDeleteကဗျာထပ်စပ်ပေးသွားတာ ကျေးဇူးကမ္ဘာနော်..း)) မမတို့ တော်လိုက်ပုံ..
ညီမလေး Candy..
အကြိုက်ချင်းတူတယ်လို့ဆိုရမယ်..။ ခရေ နဲ့ စံပါယ်က အနံ့သင်းသင်းလေးနဲ့ စိတ်ကိုလန်းဆန်းစေတယ်နော်..။ နှီးကြိုးလေးနဲ့သီပြီးပန်တယ်ဆိုလို့ စိတ်မှန်းနဲ့ မြင်ယောင်ကြည့်မိတယ်..း))
ကဗျာလေးက လှလိုက်တာ... “သွယ်ကုံးပန်ဆင် ငွေ့ရင်ခွင်ထဲ...” ဆိုတဲ့ နေရာလေးက နူးညံ့နေတာပဲ...
ReplyDeleteသက်စွန့်စံဖျား ခက်ခက်ခဲခဲ ရိုက်လာတဲ့ ပန်းကလေးတွေကို မျက်လုံးနဲ့သေချာကြည့်ပြီးတော့ကို “လှပါတယ်” လို့ ပြောမယ်နော်။ စင်္ကာပူမှာ ခရေတခါမှကို မတွေ့ရသေးတာ...။ ဒီပို့စ်လေး ဖတ်ပြီးတဲ့အခါကျတော့ ခရေနံ့လေးတောင် ယောင်ယမ်းရသွားတယ်...
ချစ်တဲ့
Annoying Person
ရင်လယ် သီဖောက်
ReplyDeleteဆိုတဲ့ အသုံးလေး ကြိုက်မိတယ်
ညီမပန်းချီ...ခရေလေးတွေ ချစ်စရာ၊ ကဗျာနုနုလေးနဲ့ လိုက်ဖက်ပါ့....:)
ReplyDeleteသူသူရေ..
ReplyDeleteချစ်သွားပြီ..။ မျက်လုံးနဲ့သေချာကြည့်ပြီး လှတယ်ပြောသွားလို့ သက်စွန်းဆံဖျားရကျိုးနပ်ပြီးD..သူသူ့အတွက် နောက်နေ့ကျရင် ခရေပန်းကောက်ခဲ့မယ်နော်..
မမသီတာ..
တကယ်ပဲရင်လယ်သီဖောက်သွားရင် ဘယ့်နှယ်လုပ်ရပါ့း))
မမချစ်ကြည်...
ReplyDeleteခရေ နဲ့ ကဗျာ အတွဲညီတယ်ဆိုလို့ ပျော်သွားဘီ..။ (ကြိုးစားပမ်းစား နုထားရပါသည်..) :D
ရင်လယ်သီဖောက်
ReplyDeleteသွယ်ကုံးပန်ဆင်…
ငွေ့ရင်ခွင်ထဲ…
သိပ်လှပတဲ့ အဖွဲ့အနွဲ့လေးပါပဲ။ စာသားလေးတွေက နုရွနေတယ်။ ကဗျာရေးကောင်းပါ့ဗျာ။
အစ်ကိုမြစ်ကျိုးအင်း..ရေ
ReplyDeleteကဗျာလာဖတ်သွားတာ ကျေးဇူးအထူးတင်ပါတယ်..။
ဟုတ်ကဲ့..ဆယ်ကျော်သက်မုဒ်လေး မနည်းပြန်သွင်းထားရပါတယ် အစ်ကိုး))
အစ်မပန်းချီရဲ့ ကဗျာလေးကို နှစ်သက်မိတယ်။ ကြိုက်တယ်။ ခရေပန်းပုံလေးလည်း လှပါတယ်။
ReplyDeleterose ရေ..
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ်နော်.. ပြန်တွေ့ရလို့ ပျော်နေတာ..း)