Saturday, December 10, 2011

တွဲလက်များ...

တွဲလက်များ….။

တွဲလက်များဆို..ဟိုသွားသတိရတယ်…။ သီချင်းလေးတစ်ပုဒ်ပါ…။ ထူးအယ်လင်း နဲ့ မီးမီးခဲ ဆိုထားတာပေါ့..။

ဘဝအချိန်ခဏလေး…ရှင်သန်ခွင့်ရ..တို့ဘဝတစ်သက်တာ…အပေါင်းအသင်းတွေကြား….မင်းနဲ့တို့ဟာ ကြင်နာစွာ….
အချစ်လိုအင်တိုင်း….လိုအပ်တိုင်းပဲ…မင်းအနားရှိမှာ….
မပြောင်းလဲပါဘူး….မင်းအတွက်ကိုယ့်မှာ ကြည်ဖြူစွာ….

အားငယ်ချိန်တိုင်း…အနားမှာအစဉ်အားပေးခဲ့တာ…မင်းရဲ့အပြုံးတွေပဲ…ချစ်စရာ ဒီအပြုံးလေး….။
အပြုံးလေးများနဲ့ တို့ဘဝကို ဖန်တီးဆေးခြယ်…ရင်ဆိုင်မယ် အဆိုးဆုံးကြုံလဲ…
အကောင်းဆုံးနေ့များ မျှဝေလို့ တို့ခံစားကြမယ်…
ယုံကြည်ထားတယ်…ခိုင်မာသော….တွဲလက်များ…ရယ်….

သီချင်းတော့သိပ်မရတော့ဘူး…တမင်ကိုမေ့ထားတာ။ နာမည်ကြီးမင်္ဂလာပွဲတစ်ခုမှာ သုံးထားတာကြောင့်လည်းပါတယ်။ ဘာမှတော့မဆိုင်ဘူး..။ ကိုယ့်ဘာသာ နှလုံးသားကလက်မခံတော့တာပါပဲ..း)) စာသားလေးတွေက ဘယ်အချိန်နားထောင်ထောင်၊ ဘယ်အချိန်ကြားလိုက် ကြားလိုက်…တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ကြည်နူးစရာ၊ သတိရစရာတွေပြည့်လို့။ မတိုက်ဆိုင်တဲ့ သူတွေအတွက်တော့ ခဲနဲ့ထုချင်စရာ..။ ကျွန်မကတော့ တိုက်ဆိုင်မှုမရှိတဲ့အချိန်နဲ့ကြုံလာရင် ခဲနဲ့တော့မထုပါဘူး..နားမထောင်ပဲနေလိုက်တာပေါ့..။

ဒါပေမယ့်..အရေးကြုံလို့ ရေးစရာရှိလာတော့လည်း…အဲဒိတွဲလက်များကို ခဏလောက်တော့ ခလုတ်တိုက်ချင်ပါတယ်ရှင့်။ အဲဒိ တွဲလက်များအကြောင်းပဲ နည်းနည်းပြောပြချင်လာပါတယ်။ ဘာရယ်လည်းမဟုတ်ပါဘူး…။


ဒီဇင်ဘာ ၁ ရက်…2011 ကပေါ့။ မိုးတွေကလည်းသည်းလိုက်တာ….။ လျှပ်စီးကြောင်းတန်းကြီးတွေ လက်ကနဲ၊ လက်ကနဲ ကောင်းကင်မှာဝင်းလက်နေပုံများ ကြောက်စရာတောင်ကောင်းသေးတော့..။ ပြတင်းပေါက်နားမှာမေးတင်ပြီး ကြည့်ရတာနဲ့တင် ကျောထဲကခပ်စိမ့်စိမ့်…။
နာရီကိုလှမ်းကြည့်မိတော့…၇ နာရီထိုးပြီးလို့ မိနစ် ၂၀။ ဒီလောက်တော့ နောက်မကျစဖူး…။ ပြန်တော့လာတော့မှာပါလို့ စိတ်ထဲဖွဖွရွတ်နေမိပေမယ့် ဒီမိုးနဲ့ဆို ဘာများဖြစ်နေမလဲလို့ စိတ်ကတော့နည်းနည်းပူမိပြန်တယ်။
တစ်ခုခုကိုသတိရမိပြီး ပြတင်းကနေအကြည့်ခွာလိုက်တော့ ဧည့်ခန်းထောင့်နားကစင်မှာတင်ထားတဲ့ အနက်နုရောင် အိမ်သုံးဖုန်းကလေး။ ဖုန်းကလေးပေါ်မှာ လက်ချောင်းတွေအလိုလိုလှုပ်ရှားသွားပြီး အလွတ်ရနေတဲ့ ဂဏန်းရှစ်လုံးပါတဲ့ ဖုန်းနံပါတ်တစ်ခုကို အပြေးအလွှားနှိပ်လိုက်တယ်။ (နုတာတွေများနေပြီး)) အတိုပဲပြောကြပါစို့ရဲ့..။

ရောက်နေကျအချိန်ထက် နာရီဝက်ကျော်ကျော်နောက်ကျနေတဲ့အိမ်ကလူကိုဖုန်းခေါ်…
“ဟဲလို…ဟဲလို့….” (နည်းနည်းစိတ်မရှည်သံ)
“ဟဲ..လို….” ( အိမ်ကလူရဲ့ဖြေသံ။ စိတ်ပါလက်ပါ..ကနွဲ့ကလျ)
“မိုးတွေအရမ်းရွာနေတယ်။ ဘာလို့နောက်ကျနေတာလဲ?”
“အော်…မိုးတွေရွာနေလို့ပါ…။”
“ဟမ်……..ရောက်ခါနီးပြီလား?”
ရောက်နေပြီ..အိမ်ဝမှာ…။
“(((((ဟင်))))”
“ဟီးဟီး…….။”

တံခါးဖွင့်လိုက်တော့လည်း မျက်နှာပိုးကမသေဘူး..ဘာများဖြစ်နေပါလိမ့်လို့ကိုယ့်ဘာသာတွေးမိတယ်။
ကျမအထဲကိုခဏဝင်သွားပြီး ဟင်းအိုးကြည့်တယ်။ မီးဖိုထဲကပြန်ထွက်လာတော့ အိမ်ကလူ ဘယ်ကိုလှစ်ကနဲပျောက်သွားမှန်းမသိဘူး။ တံခါးဝနားမှာရပ်နေပြန်ပြီ..။ ဘာလုပ်နေမှန်းမသိ…သူ့လက်နှစ်ဖက်ကိုနောက်ပြစ်ထားပြီး ကျမကို ဟန်ပါပါပြုံးပြနေတယ်။ ဒါဘာသဘောလဲ?
ကျမပုခုံးကို ကိုင်လာတယ်။ ပြီးတော့လက်ဖဝါးကိုကိုင်ပြီး…ရော့တဲ့…။

မြတ်စွာဘုရား….။ လက်ထဲရောက်လာတာ ဂီတာတစ်လုံး..။ ဝယ်မယ်ပြောထားတာ နှစ်ပေါက်နေပြီ။ ဒီလကုန်ဝယ်မယ်၊ နောက်လကုန်ဝယ်မယ်နဲ့ မဝယ်ဖြစ်လိုက်ဘူး။ ကျမမျက်နှာကတော့ ပြောပြနေစရာကိုမလိုလောက်အောင် ကျောက်ကျောရေပက်ထားသလို ပြောင်ချော်ချော်ဖြစ်နေတော့တာရယ်..း)) သဘောတွေ့ မနောခွေ့လွန်းလို့…။

ဒီဇင်ဘာ ၈ ရက်နေ့ (ပြီးခဲ့တဲ့ ကြာသပတေးနေ့)က ကျွန်မနဲ့ အိမ်ကလူ အတွက် အထိမ်းအမှတ်နေ့လေးတစ်နေ့ပေါ့…။ တွဲလက်များ နှစ်ပတ်လည်ပေါ့လေ။ အမှတ်တရဓါတ်ပုံလေးတွေတော့ တင်ပေးဦးဆိုတော့ တင်ပေးရတော့တာပဲ..။ အားနာပါးနာနဲ့ သည်းခံပြီးကြည့်သွားကြပါဦး။ (ဘယ်နှနှစ်”မျောက်” လည်းတော့ မေးနဲ့နော်..းD)

အဲသလိုကိုကြွားတာ...အသားကုန်း))

လက်ဆောင်အဖြစ် သူပေးလာတာတွေက ပန်းစည်းတစ်စည်း၊ greetings card လေးတစ်ကဒ်၊ ကြည်နူးစရာညစာစားပွဲတစ်ခု။ ဒါလောက်လေးပါပဲ။ အော…မေ့တော့မလို့ သူ့အမေကိုဖုန်းဆက်ပြီး  သူတို့ ဘုရားကျောင်းမှာ ငွေလှူပြီး ကျမတို့နှစ်ယောက်ရဲ့ တွဲလက်တွေခိုင်မြဲစေဖို့ ဆုတောင်းခိုင်းနေလေရဲ့း) ကျမကတော့ body shop ကရေမွှေးတစ်ဗူးနဲ့ ပြီးခဲ့တဲ့လက သူ့နာမည်ထည့်ပြီး ကထိန်သင်္ကန်းကပ်ထားတဲ့ ဖြတ်ပိုင်းလေးတစ်ခု၊ ကဒ်လေးတစ်ကဒ်။ ဒါပါပဲ။ (နည်းတယ်၊ နည်းတယ်သဘောမထားစေချင်ပါ..ချစ်သူး))

 ဒါလည်းကြွားတာပဲးD


သူ့အကြောင်းနောက်မှ ပို့စ်တစ်ပုဒ်ရေးပါဦးမယ်။ လာမယ်ကြာမယ်ဆိုပါတော့းD ကျမတို့က ဘာသာမတူကြပါဘူး။ ဒါပေမယ့်ကျမတို့နှစ်ယောက်မှာ အဲဒိအတွက် ပြဿနာမရှိခဲ့ကြပါဘူး။ သူကထာဝရဘုရားကို ကိုးကွယ်သူဖြစ်ပြီး၊ ကျမကတော့ ကံ၊ ကံ၏အကျိုးကိုယုံကြည်သူ၊ အကြောင်းကြောင့် အကျိုးဖြစ်တာကို လက်ခံထားသူ။ ဘာသာမတူ၊ လူမျိုးမခွဲပဲချစ်တာ ကိုယ်တို့နှစ်ယောက်ရဲ့အပြစ်လား?း)) ကိုထီးကို သတိရသွားပြီး| 
 အချစ် နဲ့ ဂစ်တာ (အချစ်က ဂစ်တာဘေးနားမှာထိုင်နေလို့ ကွယ်နေတား))


ဒါကိုယ့်ကို အချိုသတ်တဲ့သဘေား))

စားစရာပုံတွေကိုတော့ သွားရည်ကျမှာစိုးလို့ မတင်တော့ပါဘူး။ အကြွားကလည်း လက်လွန်၊ ခြေလွန်တွေဖြစ်ကုန်ပြီမို့းD ဒါလောက်နဲ့ပဲတစ်ခန်းရပ်ပါရစေ။ ဒီပို့စ်ကို ခါတော်မီလေးတင်ဖို့ကို ကျမရဲ့ထုံးစံအတိုင်း နောက်အကျကြီး ကျနေပေမယ့်လည်း...ရေးထားပြီးသားမို့ ပေါင်ဒါလေးဖို့ပြီး တင်လိုက်ပါတယ်။

မှတ်ချက်။ ။ အမှတ်တရ စုံတွဲပုံတင်ခါနီး မီးပျက်သွားလို့ပါ…သည်းခံကြပါရှင်…:P

ချမ်းမြေ့ပျော်ရွှင်သော စနေ၊ တနင်္ဂနွေ ဖြစ်ကြပါစေလို့း)

မေတ္တာမွန်ဖြင့်
မိုးပန်းချီ


21 comments:

  1. Haha :) Your post makes me smile, sis! Happy Anniversary! May you be always happy with your lovely family! Guitar is so nice. I want also guitar present, sis :) That is so cool. (Pardon me for typing in English because I'm reading in my phone)
    P.S. Because of your post's title, I think you are going to post YouTube song link and I put iPhone headset and ready to listen to your song :))) But no song link hehe

    ReplyDelete
  2. ညီမမိုးတို့နှစ်ယောက်ရဲ့တွဲလက်တွေကို ခိုင်ခိုင်မြဲမြဲ ပျော်ပျော်ရွှင်ရွှင်နဲ့ တဘဝလုံး ထပ်တူ လက်တွဲလို့ပိုင်ဆိုင်နိုင်ကြပါစေ။ ဂီတာလေးနဲ့ သီချင်းလေး တပုဒ်လောက် တောင်းဆိုချင်ပါတယ်။။။
    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
  3. တောက်....!
    မင်းသားနဲ့ မင်းသမီး ပေါ်လာခါနီးမှာ မီးပျက်ရတယ်လို့ကွာ..:)
    ဒီနှစ်ယောက် လမ်းတွေ အများကြီး လျှောက်နိုင်နိုင်ပါစေ..

    ReplyDelete
  4. :) Happy Happy နှစ်ပတ်လည...
    THS

    ReplyDelete
  5. ၇င်ထဲရှိတာပြောဆိုလို့ ပြောရရင်တော့ ကြည်နူးမိတယ် ....း)
    ထာဝရတွဲလက်တွေခိုင်မြဲပါစေလို့ဆုတောင်းတယ်..

    (အသည်းထဲကတော့နာတယ် ဗိုလ်အောင်ဒင်ရယ်..အဟင့် အမြတစ်ယောက်အကွဲတွေသဲလို့ သူကတော့အချစ်သစ်နဲ့း)

    ဘာသာမတူပေမယ့်ချစ်ခြင်းတူကြရင်ဖြင့်
    နှစ်တရာခိုင်မြဲပါလိမ့် အချစ်တွေမယိုင်မလဲစွာဖြင့်
    ဆံဖြူသွားကျိုးတောင်မှ အလံဖြူရယ်မလဲနိုင်ဘူးတဲ့
    ထူးတဲ့ချစ်ခြင်းးးး..။

    ချစ်သော ဗိုလ်အောင်ဒင်အတွက် ရင်တွင်းဖြစ်ကဗျာလက်ဆောင်ပါ .

    ချစ်သောအချစ်ဟောင်း

    မမြ၀င်းး

    ReplyDelete
  6. Congrat မမရေ.. ပျော်ဂျာကြီး.. ဟိဟိ
    မမကို သိပ်ချစ်ပုံပဲနော်.. :D :D
    ဘာမီးပျက်တာတုန်း.. နောက်မီးပျက်လို့မရဘူး.. ကြည့်ချင်ပါတယ်ဆို >.<

    ReplyDelete
  7. တွဲလက်တွေခိုင်ခိုင်မြဲပါစေ...ညီမမိုးပန်းချီ

    ReplyDelete
  8. Happy anniversary my dear Sis :) I am glad that you have a caring husband and cuttie pie daughter :) cheers !!!!

    ReplyDelete
  9. Happy anniversary my dear Sis :) I am glad that you have a caring husband and cuttie pie daughter :) cheers !!!!

    ReplyDelete
  10. မိုးတို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး
    ဘ၀ကိုအေးချမ်းမှုတွေနဲ့ဖြတ်သန်းနိုင်ပါစေလို့
    ချစ်ချစ်ခင်ခင် jasmine

    ReplyDelete
  11. ကြည်နူးရတယ်ဗျာ။
    ချစ်တတ်လွန်းလိုက်တာ.. မမလည်းကံကောင်းတယ်နော်..။
    ဘာသာမတူပေမယ့် အခုလို ချစ်နေနိုင်တာ အရမ်းလေးစားပါတယ်။ တကယ်ပါ။

    ခင်လျက်
    Junemoe

    ReplyDelete
  12.ဲမြင်ရကြားရ.၀မ်းသာလိုက်လေ...။
း)

    ReplyDelete
  13.ံHappy Anniversary ပါ မပန်းချီ..အမ ပျော်ရွှင်နေတာ ဒီပို့ စ်လေးကနေ ခံစားမိပါတယ်..အားကျတယ်ဗျား...

    ReplyDelete
  14. ပိုစ့်လေးဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ
    အဲသလိုလေးတွေမြင်ရတော့ အားကျမိပါရဲ့.. :P :P
    မိုးရေ.. မင်္ဂလာနှစ်ပတ်လည်ပေါင်းများစွာ ခုလို ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲနိုင်ပါစေ..
    စိတ်ချမ်းသာ ပျော်ရွှင်ပြီး အစစ အဆင်ပြေသော ဘဝခရီးလမ်းကို နှစ်ကိုယ်တူမျှလို့ လျှောက်လှမ်းနိုင်ပါစေနော်.။

    ReplyDelete
  15. ကြည်နူးလိုက်သည့်ဖြစ်ခြင်းဗျာ...။

    ဒီလိုနေ့လေးအတိုင်း သာယာချမ်းမြေ့စွာ လျှောက်လှမ်းနိုင်ကြပါစေဗျာ။

    ReplyDelete
  16. Lil sis rose, နီးနီးနားနားမှာရှိရင် ဂီတာလက်ဆောင်ပေးချင်လိုက်တာ။ ကိုယ်လည်းဝယ်မယ်ပြောထားပြီး မဝယ်ဖြစ်ဘူး။ အိမ်ကလူက မှတ်ထားလို့သာ ရလိုက်တာ။ စာဖတ်ပြီးပြုံးရတယ်ဆိုလို့ ဝမ်းသာပါတယ်။ နှစ်ပတ်လည်ဆုတောင်းလေးအတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်ရှင်။

    မဒါရေ…ချစ်စရာဆုတောင်းအတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။ ဂီတာတီး စသင်တုန်းးD ခုမှ main chords ကမတက်နိုင်သေးဘူး။ အသည်းကောင်းလို့ပွဲတောင်းတာလား? အပြတ်ဟဲလိုက်လို့ကတော့ နဂိုကမှ စာလာဖတ်သူမရှိတဲ့ ညီမဘလော့ဂ်လေး တစ်ယောက်မှ မလာပဲနေတော့မှာ မရေ...။း))

    ကိုရင်…ဟုတ်ပရှင်..အရေးကောင်းဒိန်းဒေါင်းဖျက် ဆိုသလို။ ဒီမီးတော့ လာပါစေဦးးD ဆုတောင်းအတွက် ကျေးဇူးပါရှင်..။

    အစ်မသု…Thank you..Thank you and ကျေးဇူးးးးးးးးး။း)

    အချစ်ဟောင်း မမြဝင်း
    အချစ်ဟောင်းလို့ မပြောရဘူး..။ ကိုယ့်တို့အတွက် ကဗျာစပ်ပေးသွားတာ ကောင်းလွန်းအားကြီးချက်။ အဲဒိအတွက် ကျေးဇူးတွေ တစ်လှေကြီးနဲ့ အာဘွားးးး။ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တစ်လည်လည်ပါ အဝင်းရယ်းD
    သံယောဇဉ် မပြတ်တဲ့ “ဒင်”း))))))

    ညီမလေး Candy… အေ့လေ…သူများကကြည့်ချင်ပါတယ်ဆို..ဒီမီးတော့..း)) ကျေးဇူးအထူး ညလေး။

    မမိုးရေ…ကျေးဇူးတင်ပါတယ်ရှင်။ ပြည့်တဲ့ဆုနဲ့လည်း ပြည့်ပါရစေး)

    Dear ma gyi chit,
    Thank you so much for dropping a sweet wish and comment here. Muahhh….

    အစ်မJas…ပေးတဲ့ဆုနဲ့ပြည့်ပါရစေ မရေ…။ ကျေးဇူးပါရှင်။

    JuneMoe….ကျမတို့အတွက် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ အခုတော့ အဲဒါတွေကို ရင်ဆိုင်ကျော်လွှားဖို့ ခွန်အားသတ္တိတွေရှိနေပါပြီ။ ကျေးဇူးတင်ပါတယ်ရှင်။

    အစ်မmm, ဟိ…..။ စာရေးပါဦး…မရယ်။ အစ်မစာတွေဖတ်ချင်တယ်။

    ညီမလေး စန်းထွန်း…Thank you so much.. ဟုတ်ကဲ့ တကယ်ပဲပျော်နေခဲ့ပါတယ်း)) ခုတော့ ဘယ်နေရန်ဖြစ်မလဲ စောင့်ကြည့်ရသေးတာပေါ့..ဟားဟားးးး။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပါပဲ..အားတော့အရမ်းမကျလေနဲ့…။

    ချစ်မချော…အားကျလို့ပဲ ရဘူး..။ အမီလိုက်လေ။ ဟိ…နောက်တာ စိတ်ဆိုးနဲ့နော်..။ ပြည့်ပြည့်စုံစုံလေးဆုတောင်းပေးသွားလို့ ကျေးဇူးအများကြီးတင်ပါတယ် မရေ..။ မချော ပြောသလို နှစ်ပေါင်းများစွာ အတူတူလက်တွဲချင်ပါသေးတယ်…း))

    နွေတေးရှင် (မင်းဧရာ)…
    ကျေးဇူးအထူးပါရှင်..။ ပေးတဲ့ဆုနဲ့ပြည့်ပါရစေ…း)

    ReplyDelete
  17. ပျော်ရွှင်ဖွယ်ရက်မြတ်မင်္ဂလာနှစ်ပတ်လည်နေ့လေးပါ မိုးရေ။
    ဘဝဆုံးတိုင် ခိုင်ခိုင်မြဲမြဲလက်ကိုတွဲလို့ ကြုံတွေ့ရသမျှ
    အခက်အခဲအားလုံးကို လွယ်ကူစွာကျော်ဖြတ်ရင်း
    စိတ်ချမ်းမြေ့စွာဖြင့် လျှောက်လှမ်းနိုင်ကြပါစေလို့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  18. အာ... အစ်မကလဲ ကောင်းခန်းရောက်မှ မီးပျက်သွားရတယ်လို့ ...
    ဂစ်တာလေး ရတော့ တော်တော်လေး ပျော်သွားမဲ့ အစ်မရဲ့ ပုံလေးကို မြင်ယောင်ရင်း အပျော်တွေ ကူးစက်သွားသလိုတောင် ခံစားလိုက်ရတယ်... ဒီလင် ဒီမယား အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အစ်မ...(လူကြီးလေသံဖြင့် ဆုတောင်းပေးသွားခြင်း ဟင်းးး ဟင်းးး)

    ReplyDelete
  19. မိုးရေ... အရောက်နောက်ကျလို့ ခွင့်လွှတ်ပါ။ Happy Belated Anniversary နော်!
    မဇွန် အဖေနဲ့အမေလည်း ဘာသာမတူဘဲ အိမ်ထောင်ပြုခဲ့ကြပေမယ် ဘာသာရေးနဲ့ပတ်သက်ပြီး တစ်ခါမှ ပြဿနာမဖြစ်ခဲ့ဖူးတာ သွားသတိရတယ်။ ညီမတို့နှစ်ယောက်ချစ်တဲ့ သမီးလေးနဲ့အတူ တစ်ဦးအပေါ်တစ်ဦး သက်ဆုံးတိုင်ကြင်နာယုယ နားလည်ဖေးမ တွဲလက်မြဲခိုင်ပါစေလို့ မဇွန်ဆုတောင်းလိုက်ပါတယ်။း)

    သူ့အကြောင်းလည်း ညီမရေးတာဖတ်ချင်တယ်... စောင့်နေမယ်

    ReplyDelete
  20. တီတင့်...
    ကျေးဇူးအများကြီးတင်ပါတယ်ရှင်..တီတင့်ပေးတဲ့ဆုနဲ့ပြည့်စုံပါရစေး)

    ညီရဲ...
    ဟုတ်ကဲ့ ဦးညီရဲ ကျေးဇူးတင်ပါတယ်ရှင်...(လူကြီးလေသံနဲ့ဆုပေးသွားလို့ပါး))

    မဇွန်ရေ...
    တကူးတကန့်လာပြီး ဆုတောင်းပေးသွားလို့ ကျေးဇူးတကယ်တင်ပါတယ် မရေ...ဘာသာမတူပေမယ့် လက်မြဲမြဲတွဲကြတဲ့ မဇွန်ရဲ့ဖေဖေနဲ့မေမေတို့အတွက်လည်း ဂုဏ်ယူပါတယ်ရှင်..။ သူ့အကြောင်းကိုလည်း တစ်နေ့တော့ ကြိုးစားရေးပါ့မယ်း)

    ReplyDelete
  21. Woooooooo...တွဲလက်များက သိပ်ကြိုက်တဲ့ သီချင်းလေးပေါ့.....
    ညီမပန်းချီတို့ ဇနီးမောင်နှံ နှစ်ပတ်လည်နေ့မှသည် ရာသက်တိုင် ခိုင်ခိုင်မြဲမြဲလက်တွဲနိုင်ပါစေ..။ သမီးလေး သက်တမျှ ကလည်း ချစ်ဖို့ အလွန်ကောင်း..။ မိသားစု အမြဲထာဝရ ပျော်ရွှင်ချမ်းမြေ့ပါစေ..။
    ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ..လို့..။

    ReplyDelete

ရင်ထဲရှိတာပြော..း)