Wednesday, April 13, 2011

မောင့်ရွေရင်အေး နဲ့ ဆားချက်တဲ့ သင်္ကြန်လုလင်

ပင်လုံးဝေ ကြိုင်ကာသင်းပါတဲ့
ဝင်းရွှေဝါ ပိတောက်ညှာနဲ့
ခါတော်မီ ရင်ခွင်အေးစေဖို့
အတာရေ သီတာမွှေးနဲ့ ဖြန်းပက်လို့ဆေး

နွေးရာသီ ဒီဂိမှာန်ရောက်ပြန်တော့
ထွေးကာချီ တူယှဉ်တွဲပါလို့
ရွေပွဲတော် နှစ်ကိုယ်ကြင် နွှဲချင်ပါသေးမို့
ရပ်ဌာနေ အရောက်လှမ်းခဲ့ပါ့
မောင့် ရွှေရင်အေး....
"အမည်မသိ မိုးပန်းချီ :)"

သင်္ကြန်လုလင် - တေးဆို..ဂရေဟမ်
သီချင်းလေးနားထောင်သွားပါဦး :))

တကယ်တော့ဆားချက်တာ မိုးပန်းချီပါ.. :)



ဘာမှရေးမထွက်တဲ့အဆုံး အကြံကုန် မိုးပန်းချီ ဆားချက်ခြင်းပါ...မတတ်တစ်ခေါက် ကဗျာတိုလေးရေးပြီး၊ သိပ်ကြိုက်တဲ့ "သင်္ကြန်လုလင်" သီချင်းလေးပဲ တင်လိုက်ပါတယ်...ကိုယ့်နေရပ် ကိုယ့်ဌာနေ နဲ့ဝေးနေသူများအတွက် သင်္ကြန်အငွေ့အသက်လေး ပေးချင်လို့ပါ.. :)

*****အားလုံးပဲနှစ်သစ်မင်္ဂလာ ခါသမယမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်*****

6 comments:

  1. “မတောက်တခေါက် ကဗျာတို”ကလည်း ကောင်းလွန်းအားကြီးချက်း) “အမည်မသိ မိုးပန်းချီ” ကို ဘယ်သူလဲသိရအောင် ရေဆုံးရေဖျားလိုက်ပြီး စုံစမ်းဦးမယ်း))

    ပျော်ရွှင်ငြိမ်းချမ်းအောင်မြင်သော နှစ်သစ်ဖြစ်ပါစေ မမပန်းချီရေ...

    ချစ်တဲ့
    Annoying Person

    ReplyDelete
  2. ဟားဟားဟားးးးး....သူသူတို့ကလုပ်ပြီ.ပြောပဲပြောတတ်လွန်းတယ်..အမည်မသိ မိုးပန်းချီ တော့ဘူးပေါ်သလိုပေါ်တော့မှာပဲ.. :D
    စာလာဖတ်ပြီး မန့်သွားတာကျေးဇူးကမ္ဘာပါ ညီမလေးရေ..(ဆုတောင်းလေးအတွက်ရော :))

    ချစ်တဲ့
    BaJi (wanna be annoyed)

    ReplyDelete
  3. ချစ်ကြည်အေးApril 13, 2011 5:49 PM

    ရွှေရင်အေးများ စတုဒီသာကျွေးနေသလားလို့ ပြေးလာတာ...
    ရွှေရင်အေးကဗျာနဲ့ တိုးသွားတယ်.....:)
    ချစ်စရာ ကဗျာလေးပါ ညီမရေ....

    သီချင်းကတော့ အိမ်ကျမှ နားထောင်ပါမယ် ရုံးမှာ ဖွင့်လိုက်ရင် အကုန် ထ ကကုန်မှာစိုးလို့....:)))

    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ :)))

    ReplyDelete
  4. ဟီးးးးးး...ပုံမှားရိုက်ထားသလိုဖြစ်နေပါပေါ့ မမရေ..
    ကောမန့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်..
    မမလည်းနှစ်အကူးမှာ ပျော်ရွှင်ချမ်းမြေ့ပါစေ...
    ချစ်တဲ့


    မောင့်ရဲ့ချစ်လှစွာသောရွှေရင်အေးသည် စတုဒီသာမဟုတ်ပါ..
    ပုံ/(မောင့်ရဲ့)ရွှေရင်အေး :))

    ReplyDelete
  5. အမည်မသိ မိုးပန်းချီဆီ...
    ပိတောက်ပန်းတွေနဲ့ အရောက်လှမ်းလာခဲ့ပါပြီ

    ReplyDelete
  6. ♫♪သူသိသွားပြီ..ဘယ်လိုများသူလေသိ..♫♪
    ပိတောက်ပန်းတွေနဲ့ အရောက်လှမ်းလာတဲ့ မောင့်ရွှေရင်အေး(မမသီတာ)ကိုကျေးဇူးအများကြီးတင်ပါတယ်.. :)

    ချစ်ခင်တဲ့..

    ReplyDelete

ရင်ထဲရှိတာပြော..း)