Friday, May 20, 2011

ငါးသွယ် ကောင်းကျိုး..

သီလခေါ်ဆို
ကိုယ်ကျင့်တရား..စင်ကြယ်ငြားမူ..။
စီးပွားတိုးလျှက်..
နာမည်တက်၍..
ရွံ့ ရှက်ကြောက်ကင်း....
ပွဲလယ်ချဉ်း၏..။

သေချင်းဆိုက်လတ်...
သတိကပ်လျှက်...
ရောက်လတ်နတ်ဝယ်..
ဤငါးသွယ်..ရဖွယ်ကောင်းကျိုးတည်း..။

*************_/\_/\_/\_/\_/\_*************

ကျွန်မအသက်ခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ "တစ်ပါးသီလ" ရုပ်မြင်ဇာတ်လမ်းထဲမှာ နောက်ဆုံးပြကွက်ဖြစ်တဲ့ ယောဂီအဝတ်နဲ့ သရုပ်ဆောင် ဒေါ်ခင်စိုးပိုင် ရဲ့ တောလမ်းလေးတစ်လျှောက် ဖြည်းဖြည်းညင်သာ လမ်းလျှောက်ရင်းဝင်သွားတဲ့ အခန်းမှာ နောက်ခံ (အဆိုတော် နီနီဝင်းရွှေ ဖြစ်မယ်ထင်ပါတယ်) ဆိုသွားတဲ့ သံပေါက်ကလေးပါ..။ ရေးတဲ့ပုဂ္ဂိုလ် ဘယ်သူ ဘယ်ဝါဆိုတာမသိလိုက်ပါဘူး..(ဇာတ်လမ်းရဲ့ ဒါရိုက်တာဖြစ်တဲ့ ဘဘဦးသုခ များဖြစ်နေခဲ့မလားတောင် တွေးနေမိတယ်း).. ) ။ သိတဲ့သူများရှိရင် ပြောပြပေးစေချင်ပါတယ်..။ အခုထိတိုင် ကျွန်မအသည်းထဲမှာ စွဲနေအောင်မှတ်မိနေတဲ့ သံပေါက်ကလေးမို့ပါရှင်..။

စာကြွင်း။ ။ အသစ်ရေးဖို့ အမြဲအားပေးလေ့ရှိပြီး ခဏခဏလည်းလာချောင်းလေ့ရှိတဲ့ စာကောင်းလေးတွေလည်းရေးတတ်တဲ့ ကောင်မလေးတစ်ယောက်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်း))
 

8 comments:

  1. တစ်ပါးသီလကို ငယ်ငယ်ကကြည့်ဖူးပေမယ့် အဲဒီသံပေါက်လေးကို မမပန်းချီလို သတိမထားမိ အမှတ်မရမိ ခဲ့ပါဘူး။ တန်ဖိုးရှိတဲ့ စာလေးကို အခုမှ သေချာဖတ်ရလို့ ကျေးဇူးပါ မမပန်းချီ...

    စကားမစပ် ပန်းချီလေးက လှလိုက်တာ (ကိုယ်တိုင်ဆွဲတာ မဟုတ်လား မမပန်းချီ)

    ကျေနပ်သွားတဲ့
    Annoying Person

    ReplyDelete
  2. သူသူရေ..
    ဟုတ်တယ်ညီမလေးရေ..အဲဒီသံပေါက်ကလေးကို ဇာတ်လမ်းကြည့်အပြီးမှာတင်ကို အလွတ်ရသွားတာဘာကြောင့်မှန်းမသိပါဘူး.. အဆိုရှင်က သီချင်းလေးလိုလုပ်ပြီးဆို၊ နောက်ခံတီးလုံးကလည်းကြေးစည်သံလေးတစ်ဝေဝေနဲ့ မို့နားထောင်ရင်းကြက်သီးဖြန်းဖြန်းထခဲ့သေးတာလည်း ဘာကြောင့်မှန်းမသိပါဘူး။

    ပန်းချီလေးကလှလိုက်တာဆိုလို့ ကိုယ့်ကိုများပြောသလားထင်သွားတား))
    ကိုယ်တိုင်ဆွဲထားတာဟုတ်ပေမယ့် သူငယ်တန်းအဆင့်လောက်ရှိတဲ့ပုံကလေးကို လှတယ်ဆိုလို့ ပျော်သွားဘီး)))ကျေးဇူးကမ္ဘာ+အာဘွား

    ReplyDelete
  3. sonata-cantataMay 20, 2011 9:56 PM

    မှတ်ဉာဏ်ကောင်းလိုက်တာ...
    ပြန်ဝေမျှလို့ နာဖူးထပ်မံ ဖြစ်ရပါတယ်။

    ReplyDelete
  4. ကျနော် မကြားဖူးတဲ့ သီချင်း စာသားပါး) မှတ်ထားခွင့်ရတဲ့အတွက် ကျေးဇူးပါဗျာ

    ReplyDelete
  5. ရှိသမျှ ပန်းချီတွေ အားလုံး အရမ်းလှတယ်လို့ ပြောချင်တား)) ပုံလေးက သူငယ်တန်းအဆင့် ဘယ်က ဟုတ်ရမှာလဲ မမပန်းချီရယ်... ဒီမှာဆို အဲလို ဆွဲချင်လွန်းလို့ကို ဘယ်ကစလို့ စရမှန်းကို မသိတား))

    ချစ်တဲ့
    Annoying Person

    ReplyDelete
  6. မမသီတာ..
    နာဖူးပြီးသားလေးထပ်မံလာဖတ်တာ ကျေးဇူးတင်ပါတယ်..ကျောင်းစာဆိုဘယ်တော့မှအဲလိုမမှတ်မိဘူး မရဲ့..း))

    ကိုဗညား..
    လာပြီးဖတ်ရှုမှတ်သားတဲ့အတွက် ကျွန်မကလည်းကျေးဇူးတင်ပါရဲ့ရှင်..။

    ချစ်သူ
    ဖတ်ရင်း သွားဖြီး ဖြစ်နေလို့ ချက်ချင်းလက်နဲ့အုပ်လိုက်ရတယ်..။
    ပုံကိုတော့ iPhone ကပေးတဲ့ App တစ်ခုနဲ့ဆွဲတာပါ..လက်ညှိုးနဲ့ဆွဲရတာဆိုတော့ လက်ငြိမ်ဖို့တော့လိုပါတယ် သူသူ.. မျဉ်းဖြောင့်အောင်ဆွဲတတ်ရင် ကိုယ့်လိုတောင်ခြစ်မြောက်ခြစ်ပုံတွေထွက်လာပါရဲ့း)))

    ReplyDelete
  7. ညီမက တော်တော်မှတ်မိတာပဲ...
    ညီမပြောပြမှ အဲဒီ တပါးသီလ ထဲက ခင်စိုးပိုင်ပုံကို ပြန်မြင်လာမိတယ်...း))

    အမ နေကောင်းပါတယ်... ဒီရက်တွေ အလုပ်များတာနဲ့ ပျင်းတာနဲ့ ရောချပြီး စာမရေးဖြစ်ဘူး... သက်တမျှလေး နေကောင်းတယ် ဟုတ်...

    ReplyDelete
  8. မမသက်ဝေ..

    ကျောင်းစာမဟုတ်တဲ့စာတွေဆို အတော်မှတ်မိနေတာ..အဆိုးပဲနော်း))) အစ်မနေကောင်းတယ်ဆိုလို့ စိတ်အေးရပြီ။ အသစ်မဖတ်ရတာကြာတော့ အစ်မတစ်ယောက်ပျောက်နေပြီထင်တာ..းD
    ဟုတ်ကဲ့ သက်တမျှလေး ကတော့ဒေါင်ဒေါင်မြည်ပါပဲ..မမြည်တာက မိုးပန်းချီး))) သတိတရမေးလို့ကျေးဇူးတင်ပါတယ် မရေ..

    ချစ်တဲ့

    ReplyDelete

ရင်ထဲရှိတာပြော..း)