Sunday, May 1, 2011

ရက် ၃၀၀ ပြည့်..ကြယ်စင်ရေ


ကြယ်စင်ကလေးရေ...
မင့်မှာ...
ကြည်လဲ့လဲ့ရွှန်းစိုတဲ့...
မျက်ဝန်းညိုတွေရှိတယ်.။

ကော့ရွန်းတဲ့ မျက်တောင်တွေနဲ့လည်း
ချစ်အောင်မြှူတတ်သေးတယ်..။

ပျားရည်ဆမ်းတဲ့
တီတာတာ သန္တာရောင် နှုတ်ခမ်းလေးရယ်

ကျော့မဆုံးတဲ့
ကေသာပိတုန်းလေးရောပေါ့...။

တစ်လတာကာလတမ်းကို
ရက် ၃၀ ပျမ်းမျှနှုန်းနဲ့တွက်မယ်ဆို...
မင့်သက်တမ်း ရက်ပေါင်း ၃၀၀ သာရှိသေးတဲ့

ကြယ်စင်ကလေးရေ..

မေ့...ရင်ထဲစွဲ
သည်းလှုပ်အောင် ချစ်မိ....
တုမရှိ...။


***ရေးချင်နေတာက တစ်နေ့က (စနေနေ့) သွားဖြစ်ခဲ့တဲ့ စာပေမြတ်နိုးသူများ အဖွဲ့မှကြီးမှူးကျင်းပတဲ့ တတိယအကြိမ်မြောက် စာပေဟောပြောပွဲအကြောင်းပါ...။ ရေးဖြစ်သွားတာက သမီးလေးရဲ့ ၁၀ လပြည့်မွေးနေ့ အမှတ်တရ ကဗျာမဟုတ် စာမဟုတ် အတိုအထွာလေး။
တစ်နေ့ကတော့ ဆရာကြီးများနဲ့ ဆရာမကြီးများရဲ့ ဟောပြောချက်များကို အစမှအလယ်၊ အလယ်မှအဆုံး ပျော်မဆုံးမော်မဆုံး တစ်ပြုံးပြုံးနားထောင်လို့.. သူတို့ရွတ်ဆိုသွားတဲ့ ကဗျာတွေ အလင်္ကာတွေ ကိုလည်းမမောမပမ်း မျက်ရည်လေးတစ်စမ်းစမ်းနဲ့ကြည်နူးနေခဲ့ရာက ပြန်ရေးပြပြီးဝေမျှချင်စိတ်တွေတဖွားဖွားဖြစ်လို့...စဉ်းစားကြည့်တော့ ဆရာ/ဆရာမကြီးများရဲ့ အဟောအပြောတွေထဲမှာ ကောင်းနိုးရာရာ ကောက်နှုတ်စရာမရှိ၊ ပြစ်ရက်စရာမရှိအောင် ကောင်းလွန်းတာမို့ အသံဖိုင်၊ ဗီဒီယိုဖိုင် တို့ ထွက်မှပဲ တင်ပါတော့မယ်.. ဟောပြောပွဲသွားခွင့်မကြုံလိုက်ရသူတွေရှိခဲ့ရင်လည်း နားထောင်နိုင်အောင်ပါ...။
ခုတော့ဒီစာတို၊ ကဗျာစလေးပဲ တင်လိုက်ရပါတယ်.. ဆရာကြီးချစ်စံဝင်း ဟောပြောပြသွားတဲ့ "အမေဟူသည် အလွမ်းသည်" ကိုနားထောင်ရင်း၊ အဝေးဆီမှာရောက်နေရရှာတဲ့ ၁၀ လအရွယ် သမီးကလေးကို လွမ်းဆွတ်ရာက စပ်မိတဲ့ ကဗျာတိုလေးရယ်ပါ..:)***

 

5 comments:

  1. သမီးလေး ရက်၃၀၀မှ နှစ်ပေါင်းများစွာ အသက်ရှည် အနာမဲ့၍ လိမ္မာသော သမီးမြတ်အဖြစ် ချစ်သောမိဘများနှင့် အတူ..... :))

    ReplyDelete
  2. သမီးလေး ရက် ၃၀၀ ပြည့်မှ နှစ်ပေါင်းများစွာ ကျန်းမာ ချမ်းသာပြီး ထူးချွန်လိမ်မာသော သမီးကောင်း သမီးမြတ်အဖြစ် ရှင်သန်နိုင်ပါစေ...

    ReplyDelete
  3. အန်တီချစ် နဲ့ အန်တီသက် တို့ပေးတဲ့ဆုနဲ့ တစ်လုံးတစ်ဝတည်း ပြည့်ပါရစေရှန်..:))ကျေးဂျူးလည်းအများကြီး တင်ပါတယ်...

    ပုံ/သမီးလေး သက်တမျှ (ခ) ကြယ်စင်
    (နောက်ဆို အန်တီသက်ဝေရဲ့ နာမည်ပါငှားသုံးချင်သုံးဦးမှာ..း))

    ReplyDelete
  4. တွေ့သမျှလူတိုင်းရဲ့ အချစ်တွေကို သိမ်းကြုံးသိမ်းပိုက်နိုင်တဲ့ အမေတူချောလေး သက်တမျှ... ရက် ၃၀၀ ကနေ နှစ်ပေါင်းများစွာများစွာတိုင် ဘဝခရီးကို အောင်မြင်ပျော်ရွှင်ခြင်း ငြိမ်းချမ်းခြင်းတွေနဲ့ပဲ ဖြတ်သန်းနိုင်ပါစေ...

    အရမ်းချစ်တဲ့
    Aunty Annoying Person

    ReplyDelete
  5. သက်တမျှ ဂျဂါးပီအောင်ပြောတဲ့အခါကျရင်တော့ အန်တီသူသူ့ အလှည့်နော်.. (annoy အမြဲလာလုပ်မှာ..း))) မွေးနေ့ဆုတောင်းအတွက် ကျေးဂျူးတစ်လှေဂျီးတင်ပါတယ်...းD
    အရမ်းရှစ်တဲ့....ပုံ/တူမလေး သက်တမျှ

    :D ဘာမှမပြောနိုင်ပဲ သွားကြီးဖြီးပြီး တိတ်တိတ်လေးပြန်ထွက်သွားပါကြောင်း..(အမေတူ ချောလေးဆိုလို့)
    ပုံ/ သက်တမျှရဲ့ မေမေး))

    ချစ်တဲ့
    ©disturbing person

    ReplyDelete

ရင်ထဲရှိတာပြော..း)